ပီရူးတွင် ကြက်ငှက်တုပ်ကွေးကြောင့် ငှက်ကောင်ရေ ၁၃,၀၀၀ ကျော် သေဆုံး

ပီရူးနိုင်ငံ ကမ်းခြေတွေမှာ ကြက်ငှက်တုပ်ကွေးဖြစ်ပွားခဲ့လို့ မကြာသေးမီ သီတင်းပတ်တွေအတွင်း ငှက် ၁၃,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
ပီရူးနိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်း ကမ်းခြေတွေမှာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ငှက်ကြီးဝန်ပိုတွေ သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အာဏာပိုင်တွေနဲ့ ဒေသခံ မီဒီယာတွေက ပေးတဲ့ ဗွီဒီယိုတွေထဲမှာ နိုဝင်ဘာ ၂၈ ရက်က သဲပြင်ပေါ်မှာ ပြန့်ကြဲနေတဲ့ တိရစ္ဆာန်အသေကောင် ဒါဇင်ပေါင်းများစွာကို သန့်ရှင်းရေး လုပ်သားတွေက ဖယ်ရှားရှင်းလင်းနေတာ ပြထားပါတယ်။
အမျိုးသားစိုက်ပျိုးရေး ကျန်းမာရေးဝန်ဆောင်မှု (Senasa) ကတော့ မွေးမြူရေးကြက်တွေကို ကြက်ငှက်တုပ်ကွေး အမျိုးအစား အေ၊ အမျိုးအစားခွဲ H5N1 ပျံ့နှံ့မှု တားဆီးဖို့ ကျန်းမာရေး သတိပေးချက်ကို ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာခဲ့ပါတယ်။
စီးပွားဖြစ်နဲ့ တနိုင်တပိုင်မွေးတဲ့ ကြက်ငှက်တွေကြားမှာ ရောဂါထပ်ပျံ့နှံ့မှာကို အာဏာပိုင်တွေက စိုးရိမ်နေပါတယ်။