အင်္ဂလန်အသင်းကို ပြိုင်ဘက်တွေကြောက်ရွံ့သင့်ဟု ဒက်ကလန်ရိုက်ပြေ

အင်္ဂလန်အသင်းကို ပြိုင်ဘက်တွေက ကြောက်ရွံ့သင့်တယ်လို့ ကွင်းလယ်လူ ဒက်ကလန်ရိုက်က ပြောပါတယ်။
အင်္ဂလန်အသင်းဟာ ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ အာဖရိကချန်ပီယံ ဆီနီဂေါအသင်းနဲ့ တွေ့ဆုံနေတာပါ။
ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ အင်္ဂလန်အသင်းရဲ့ကစားသမား စုဖွဲ့မှုနဲ့ သက်ဆိုင်ရာကလပ်တွေမှာ အောင်မြင်ခဲ့မှုအရ ပြိုင်ဘက်တွေအတွက် ကြောက်ရွံ့စရာ ကောင်းတဲ့အသင်းဖြစ်သင့်ကြောင်း ဒက်ကလန်ရိုက်ကပြောခဲ့တာပါ။
“တခြားနိုင်ငံအသင်းတွေက ကျနော်တို့အသင်းကို လှည့်ကြတဲ့အခါ ဘာကြောင့် ကျနော်တို့ကို ကြောက်ရွံ့စရာမဖြစ်ရမှာလဲ။ ကျနော်တို့ တိုက်စစ်ကိုကြည့်လိုက်ရင် ကမ္ဘာ့အဆင့်ရှိတယ်။ အကြီးမားဆုံးဆုဖလားတွေလည်း ရယူနိုင်ခဲ့ကြသူတွေဖြစ်တယ်။ ကမ္ဘာ့ဖလားမှာချန်ပီယံဆုယူပြီး သက်သေပြဖို့ပဲကျန်ပါတယ်”လို့ ဒက်ကလန်ရိုက်ကပြောပါတယ်။
အင်္ဂလန်နဲ့တွေ့ရမယ့် ဆီနီဂေါအသင်းပရိသတ်တွေကတော့ အင်္ဂလန်အသင်းနဲ့ တွေ့ဆုံရတာကို ပျော်ရွှင်နေကြပြီး အနိုင်ယူသွားမယ်လို့ အင်တာဗျူးတွေမှာ ပြောထားပါတယ်။