close

အင်္ဂလန်အသင်း လေ့ကျင့်ရေးစခန်းကို ဒေးဗစ်ဘက်ခမ်း လာရောက်အားပေး

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်နေတဲ့ အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ရေးစခန်းကို ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်း လာရောက်အားပေးခဲ့ပါတယ်။

ကျောနံပါတ် ၇ ပါ အင်္ဂလန်ဂျာစီကို နည်းပြ ဆောက်ဂိတ်က ဒေးဗစ်ဘက်ခမ်းကို လက်ဆောင်ပေးခဲ့ပါတယ်။

ဘက်ခမ်းဟာ အင်္ဂလန်ကစားသမားတွေဖြစ်တဲ့ ဟယ်ရီကိန်း၊ ဒက်ကလန်ရိုက်၊ မေဆန်မောင့် အစရှိသူတွေ အပါအဝင် ကစားသမားတွေအားလုံးနဲ့ တရင်းတနှီး နှုတ်ဆက်စကားပြောပြီး ဓာတ်ပုံအတူရိုက်ခဲ့ပါသေးတယ်။

နောက်ခံလူ အာနိုးလ်နဲ့လည်း တည်ကန်ဘော ကန်သွင်းပုံနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါသေးတယ်။ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းကတော့ ဒေးဗစ်ဘက်ခမ်းဟာ ငယ်စဉ်ကလေးဘဝကတည်းက အတုယူခဲ့တဲ့ စံပြကစားသမား ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၄၇ နှစ်ရှိနေပြီဖြစ်တဲ့ ဘက်ခမ်းဟာ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ အင်္ဂလန်အသင်းအတွက် ၁၁၅ ပွဲအထိ ကစားခဲ့ပြီး ၁၇ ဂိုး သွင်းယူပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up