အီရန်ကိုဂိုးပြတ်နိုင်ခဲ့သော်လည်း ၂ ဂိုးပြန်ပေးခဲ့ရသည့်အပေါ် နည်းပြဆောက်ဂိတ် မကျေနပ်

အီရန်နဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ အင်္ဂလန်အသင်းက ၆ ဂိုး ၂ ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် ပေးဂိုး ၂ ဂိုး ပြန်ပေးခဲ့ရတဲ့အပေါ် နည်းပြဆောက်ဂိတ်က မကျေမနပ်ဖြစ်နေပါတယ်။
အင်္ဂလန်ဟာပွဲချိန် ၆၂ မိနစ်အထိ ၄ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေပေမယ့် ၆၅ မိနစ်နဲ့ ပွဲပြီးခါနီးတွေမှာ နှစ်ဂိုးပြန်ပေးခဲ့ရတာပါ။
ပွဲအပြီးမှာ ၆ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ကစားသမားတွေရဲ့ အာရုံစူးစိုက်မှုလျော့နည်းခဲ့လို့ ၂ ဂိုးပြန်ပေးခဲ့ရတာလို့ နည်းပြဆောက်ဂိတ်ကပြောပါတယ်။
ရလဒ်ပိုင်းအရ အကောင်းဆုံးတာထွက်နိုင်ခဲ့ပေမယ့် ပွဲချိန်နောက်ပိုင်းအခိုက်အတန့်တွေကို သဘောမကျကြောင်း၊ အုပ်စုဒုတိယပွဲစဉ်ဖြစ်တဲ့ အမေရိကန်နဲ့ပွဲမှာ ပိုကောင်းတဲ့ကစားပုံပြသ သွားဖို့လိုကြောင်း နည်းပြဆောက်ဂိတ်က ပြောသွားပါတယ်။
အင်္ဂလန်ဟာ အမေရိကန်နဲ့ နိုဝင်ဘာ ၂၆ ရက်မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။