Warning: mysqli_query(): MySQL server has gone away in /var/www/html//dvb2020/wp-includes/wp-db.php on line 2056

Warning: mysqli_query(): Error reading result set's header in /var/www/html//dvb2020/wp-includes/wp-db.php on line 2056
မင်္ဂလာဒုံမြို့နယ်၌ YBS နှင့် တက္ကစီတိုက်မိပြီး ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ – DVB
close

မင်္ဂလာဒုံမြို့နယ်၌ YBS နှင့် တက္ကစီတိုက်မိပြီး ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ တိုင်းဘောလုံးကွင်းရှေ့မှာ ဒီဇင်ဘာ ၈ ရက် နေ့လယ် ၃ နာရီလောက်က  YBS  ၄၂ ဘတ်စ်ကားနဲ့ တက္ကစီအငှားကားတို့ တိုက်မိပြီး တက္ကစီပေါ်က အမျိုးသမီးငယ်တယောက်သေဆုံးသွားကာ  တခြား အမျိုးသမီးတယောက်နဲ့ ယာဉ်မောင်းတို့  ဒဏ်ရာရသွားတယ်လို့   မြို့ခံတွေဆီက သိရပါတယ်။

ရွှေပြည်သာဘက်ကနေ မောင်းနှင်လာတဲ့ YBS ၄၂ ယာဥ်မှာ ပုံ မှန်ယာဥ်ကြောအတိုင်းမောင်းနှင်လာပြီး ခရေပင်လမ်းခွဲအရောက်  တက္ကစီက တစ်ဖက်ယာဥ်ကြောကို ကွေ့ချိန်မှာ ယာဥ်တိုက်မှုဖြစ်ခဲ့တာလို့ သွားရောက်ကူညီခဲ့သူတစ်ဦးက ကိုပြောပါတယ်။

"YBS ၄၂ က သူ့ယာဥ်ကြောအတိုင်းမောင်းလာတာ၊ တက္ကစီက တဘက်ယာဥ်ကြောကို ကွေ့တဲ့အချိန် တိုက်မိတာ တက္ကစီကားက ယာဥ်မောင်းဒဏ်ရာရတယ် အမျိုးသမီးတစ်ဦးသေတယ်၊ တစ်ဦးဒဏ်ရာရတယ်။ YBS ကားကတော့ ထိခိုက်ဒဏ်ရာရသူမရှိဘူး။”

ယာဥ်တိုက်မှုမှာသေဆုံးသွားတဲ့ အသက် ၁၉ နှစ်အရွယ်အမျိုးသမီးတစ်ယောက်နဲ့ ဒဏ်ရာရသွားတဲ့  အသက် ၄၇ နှစ်အရွယ်အမျိုးသမီးတယောက်နဲ့ ယာဥ်မောင်းဖြစ်သူတို့ကို မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ ပရဟိတအဖွဲ့တွေက ပို့ဆောင်ပေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဆိုပါယာဥ်တိုက်မှုနဲ့ ပတ်သတ်ပြီး ယာဥ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up