close

ရန်ကုန်အမြန်လမ်း ဇီးရိုးမိုင်တွင် ခရီးသွားများကို ကားပေါ်မှဆင်းခိုင်းပြီး စစ်တပ်က စစ်ဆေး ဖမ်းဆီးနေ

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်က ဇီးရိုးမိုင် စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၈ ရက်၊ ညနေ ၆ နာရီ ၄၀ လောက်က ကရင်ပြည်နယ်ကလာတဲ့ တက္ကစီတစီးပေါ်ပါ အမျိုးသား ၅ ယောက်ကို ဖုန်းနဲ့ မှတ်ပုံတင်တွေတောင်းကြည့်ပြီး စစ်ကောင်စီတပ်က  ဖမ်းဆီးသွားပါတယ်။

အဆိုပါဂိတ်နဲ့ နီးစပ်သူတဦးက “ဒီမှာ ပုံမှန်အတိုင်းစစ်တယ်၊ Express တွေဆို အရင်က မှတ်ပုံတင်ကြည့်ပြီး လွှတ်ပေးတာ။ နိုဝင်ဘာ ၂၆ ကတည်းက ကားပေါ်ကလူတွေ အကုန်ဆင်းခိုင်းပြီး ဖုန်းတွေပါ စစ်တာ။ အဲဒီတက္ကစီက ကောင်လေးတွေရဲ့ ဖုန်းနှစ်လုံးမှာ သေနတ်ပုံနဲ့ NUG ပုံတွေ တွေ့လို့ ခေါ်ထားတဲ့သဘောပါ။ ယာဉ်မောင်းအပါ ၆ ယောက်၊ ယာဉ်မောင်း‌ကို မနက်ကတည်းက ပြန်လွှတ်လိုက်ပြီ၊ အသေးစိတ်တော့ မသိသေးဘူး”လို့ ပြောပါတယ်။

အဆိုပါ တက္ကစီပေါ်ပါလာသူတွေက ကရင်ပြည်နယ်မှ ရန်ကုန် မင်္ဂလာဒုံအရောက် ကျပ်ငွေ ၂ သိန်းနဲ့ တက္ကစီငှားတာဖြစ်ပြီး အမြန်လမ်း ဇီးရိုးမိုင်ဂိတ်မှာ ဖမ်းဆီးခံရတာပါ။

အမြန်လမ်းက တက္ကစီယာဉ်မောင်းတဦးက“စစ်တာတော့ အရင်ကထက် ဆိုးတယ်။ အစ်ကိုတို့ဆိုရင် မော်လမြိုင်၊ ဘားအံဘက်သွားရင် အရင်က မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်ရှိရုံနဲ့ ရတယ်။ အခုဟာ နေ့ချင်းပြန်မောင်းရင်တောင် ‌ရပ်ကွက်က ‌တလအတွင်းလုပ်ထားတဲ့ ထောက်ခံစာပြမှ ရတယ်။ မပါရင် တအားရစ်တယ်။ အဲ့ဂိတ်က မကြာခဏ ဖမ်းနေတာ။ PDF ဟုတ်တာ၊ မဟုတ်တာတော့ မပြောတတ်ဘူး။ ခရီးသည်ကားတင် မဟုတ်ဘူး၊ ဘုန်းကြီးကား‌လာရင်လည်း ဆင်းခိုင်းတယ်။ စစ်တယ်၊ ဒီလဆန်းပိုင်းလောက်ကတည်းက ရဲ၊ စစ်သား၊ လဝကတွေပါ တွေ့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် မီဒီယာ‌တချို့မှာတော့ ဖမ်းဆီးခံ အမျိုးသား ၅ ဦးက PDF သင်တန်း (၁/၂၂) ကို ကရင်ပြည်နယ် ဖလံတောင်မြို့နယ်မှာ တက်ထားသူတွေလို့ သတင်းထုတ်ပြန်ထားပေမဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up