close

စစ်တပ်အကြောင်း သတင်းမှားဖြန့်ဝေမှုဖြင့် ရုရှားအတိုက်အခံနိုင်ငံရေးသမား ထောင်ချခံရ

ရုရှားအတိုက်အခံနိုင်ငံရေးသမား အီလ်ယာယာရှင်ဟာ ရုရှားစစ်တပ်အကြောင်း သတင်းမှား ဖြန့်ဝေတယ်ဆိုတဲ့ စွဲချက်နဲ့ ဒီဇင်ဘာ ၉ ရက်မှာ တရားရုံးက ထောင်ဒဏ် ၈ နှစ်ခွဲ ချမှတ်ခံခဲ့ရပါတယ်။ 

အစိုးရရှေ့နေတွေကတော့ မော်စကိုခရိုင်ကောင်စီဝင်တစ်ဦးဖြစ်တဲ့ ယာရှင်ကို ထောင်ဒဏ် ၉ နှစ်အထိ ချမှတ်ဖို့ ကြိုးပမ်းခဲ့တာပါ။ 

ယာရှင်ဟာ ပြီးခဲ့တဲ့ ဧပြီလက ထွက်ရှိလာခဲ့တဲ့ ယူကျု့ဗီဒီယိုတစ်ခုအတွင်း ကိဗ်မြို့အနီးက ယူကရိန်းပိုင် ဘူချာမြို့မှာ ရုရှားရဲ့  စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တာတွေနဲ့ ပက်သက်လို့ အနောက်တိုင်းသတင်းထောက်တွေ ဖော်ထုတ်ခဲ့တဲ့ သက်သေအထောက်အထားတွေအပေါ် ပါဝင်ဆွေးနွေးခဲ့တာကြောင့် ဖြစ်ပါတယ်။ 

ရုရှားရဲ့တရားဝင်တင်ဆက်မှုမှာတော့ ဒီသတင်းတွေဟာ ရုရှားအပေါ် ရန်စဖို့သက်သက် လုပ်ကြံဖန်တီးထားတာသာဖြစ်တယ်လို့ ဆိုတာကြောင့် သံသယပွားစရာ ဖြစ်လာခဲ့ပါတယ်။

ရုရှားကတော့ ဖေဖော်ဝါရီ ၂၄ ရက်က တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို ယူကရိန်းဆီ စေလွှတ်ခဲ့ပြီးနောက် စစ်တပ်နဲ့ပက်သက်တဲ့ သတင်းမှားတွေဖြန့်ဖြူးရင် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်တဲ့ ဥပဒေသစ်တစ်ရပ်ကို အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ 

ယာရှင်ဟာ ၂၀၁၁-၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကရင်မလင်ဆန့်ကျင်ရေး ဆန္ဒပြလှိုင်းတွေမှာ လူသိများထင်ရှားလာခဲ့တာပါ။ 

၂၀၁၇ ခုနှစ်မှာလည်း မော်စကိုခရိုင်ရဲ့ ရွေးကောက်ခံ ကောင်စီအကြီးအကဲဖြစ်လာခဲ့သလို ယာရှင်ဟာ အထက်ကို ရာထူးတိုးဖို့ နောက်တဆင့်တိုင်းမှာ အကြိမ်ကြိမ်ပိတ်ပင်ခံခဲ့ရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up