ပေါ်တူဂီအသင်းမှ အနားယူရန် စီရော်နယ်ဒို စိတ်ကူးမရှိသေး

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုမရခဲ့ပေမဲ့ နိုင်ငံ လက်ရွေးစင်အသင်းကနေ အနားယူ ဖို့ စိတ်ကူးမရှိသေးဘူးလို့ သိရပါတယ်။
ရော်နယ်ဒိုဟာ ၁၆ သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ပွဲထွက်ခွင့်မရခဲ့ဘဲ လူစားလဲလှယ်ကစားခွင့်ပဲရရှိခဲ့တာပါ။
ဒါပေမဲ့ နိုင်ငံအသင်းနဲ့ အသင်းဖော်တွေကို ဘယ်တော့မှာ ကျောခိုင်းနှုတ်ဆတ်သွားမှာမဟုတ်ဘဲ နိုင်ငံအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖို့က အကြီးမားဆုံးအိပ်မက်ဖြစ်ကြောင်း ရော်နယ်ဒိုက အင်စတာဂရမ်ကနေ ရေးသားခဲ့ပါတယ်။
ရော်နယ်ဒိုက“ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဝမ်းနည်းစွာနဲ့ပဲ အိပ်မက်တွေရပ်တန့်ခဲ့ရတယ်။ ဒီအခိုက်တန်ဟာ ပြန်လည်တုံ့ပြန်ဖို့ မထိုက်တန်ပါဘူး။ ကျနော့်အကြောင်းတွေကို အများကြီး မှန်းဆရေးနေကြပေမယ့် အသင်းအတွက်ပေးဆပ်ချင်တဲ့စိတ်က တစ်ခဏလေးတောင်မပြောင်းလဲ ခဲ့ပါဘူး။ ကျနော်က ရည်မှန်းချက်တွေအတွက် အမြဲတမ်းတိုက်ပွဲဝင်နေသူဖြစ်ပြီး အသင်းဖော် တွေနဲ့ ပေါ်တူဂီကို ကျောခိုင်းသွားမှာမဟုတ်ဘူး” လို့ ရေးသားခဲ့ပါတယ်။
ဒီလိုထုတ်ဖော်ပြောဆိုမှုကြောင့် ရော်နယ်ဒိုအနေနဲ့ ပေါ်တူဂီအသင်းအတွက် ဆက်ပြီးကစားပေးဖို့ရှိသေးကြောင်း မီဒီယာတွေကရေးသားခဲ့ကြပါတယ်။