ကမ္ဘာ့ဖလားအိပ်မက် မျက်ရည်များဖြင့် အဆုံးသတ်သွားခဲ့ရသည့် စီရော်နယ်ဒို

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ သူ့ရဲ့ နောက်ဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ဖွယ်ရှိတဲ့ ဒီပြိုင်ပွဲမှာ မော်ရိုကိုအသင်းကို ရှုံးပွဲနဲ့တွေ့ကြုံခဲ့ရပြီးနောက် မျက်ရည်တွေကျခဲ့ပြီး အဝတ်လဲခန်းထဲကို အမြန်ဝင်သွားခဲ့ပါတယ်။
ပေါ်တူဂီအသင်းက မော်ရိုကိုအသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ စီရော်နယ်ဒိုဟာ ဘောလုံးထိချက် ၁၀ ကြိမ်နဲ့ ဂိုးပေါက်ကန်သွင်းချက်တစ်ကြိမ်သာရှိခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဒုတိယပိုင်း ပွဲချိန် မိနစ် ၅၀ ကျော်မှသာ လူစားလဲ ဝင်ကန်ခွင့်ရခဲ့တာဖြစ်ပြီး ရော်နယ်ဒိုဆီကို အသင်းဖော်တွေကလည်း ဘောလုံးပေးပို့မှုနဲ့ ဂိုးသွင်းခွင့်ရအောင် ဖန်တီးပေးမှုလည်း နည်းပါးခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ တိုက်စစ်ဆင်ပြီး ဂိုးရဖို့အတွက် ကစားသမားတွေ အပြောင်းအလဲ လုပ်ဆောင်ခဲ့ပေမဲ့ မော်ရိုကိုအသင်းခံစစ်ကောင်းမွန်ခဲ့တာကြောင့် ထိရောက်မှုမရှိခဲ့တာပါ။
မော်ရိုကိုအသင်းက ပွဲချိန် ၄၂ မိနစ်မှာရတဲ့ တိုက်စစ်မှူး အမ်နက်စီရီရဲ့အနိုင်ဂိုးနဲ့ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့တာဖြစ်ပါတယ်။
စီရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ် တိုင်တိုင် ဝင်ရောက်ကစားခဲ့ပြီး ပြိုင်ပွဲတိုင်းမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သလို ဒီပြိုင်ပွဲမှာလည်း ပွဲစဉ်အလိုက် အကောင်းဆုံး ဘောလုံးသမားဆု ၁ ကြိမ်ရရှိခဲ့ပါတယ်။