close

ရသေ့တောင်တွင် အဘွားအို ၁ ဦး ရွှေနားကပ်အလုခံရပြီး ဓားဖြင့်ခုတ်သတ်ခံရ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဆေးအိုးကျကျေးရွာမှာ ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းက အသက် ၇၅ နှစ်အရွယ် အဖွားအိုရဲ့  ရွှေနားကပ်ကိုဓားနဲ့ ဖြတ်ယူပြီး ဓားနဲ့ ခုတ်သတ်မှု ဖြစ်ပွားခဲ့တယ်လို့  ရွာသားတွေထံက သိရပါတယ်။

အသတ်ခံရသူဟာ ရသေ့တောင်မြိုနယ် ဆေးအိုးကျကျေးရွာနေ ဒေါ်ကြာဇံဦး အသက် ၇၅ ဖြစ်​ပြီး အဘွားအိုဟာ သမီးဖြစ်သူ ကလေးအမေတစ်ဦးနဲ့အတူ  ရွာအနီး ရှိ ဥယျာဉ်ခြံတခြံမှာ နေထိုင်ကာစိုက်ပျိုးရေးလုပ်ကိုင် စားသောက်နေသူဖြစ်တယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

ဆေးအိုးကျကျေးရွာသားတစ်ဦးက "မနေ့က ညနေ ၃ နာရီကျော် လောက်မှာ အသတ်ခံခဲ့ရတာဗျ။ သူ့သမီးကလည်းကလေးနဲ့ ရွာထဲကိုကိစ္စတခုနဲ့ သွားနေအချိန်မှာ အဘွားအိုကို ဓါးနဲ့ ခုတ်သတ်ပြီး နားရွက်ကိုလှီးပြီး နားကပ်ကိုယူသွားတာ။ အတော်လေး လူစိတ်မရှိတဲ့ သူတွေပါ။ တရားခံ ဘယ်သူလဲဆိုတာကိုတော့မသိရပါသေးပါဘူး။"လို့ ပြောပါတယ်။

အသတ်ခံရသည့် အဘွားကိုရဲ့ ရုပ်အလောင်းကို ဒီနေ့ ညနေ ၄ နာရီအချိန်က သင်္ဂြိုဟ်လိုက် ပြီး ဒီအမှုနဲ့ပတ်သက်လို့  သမီးဖြစ်သူက ရက္ခိုင်တပ်တော်အေအေထံ တိုင်ကြားကာ တရားခံဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up