close

ပြည်ကြီးတံခွန်မြို့မရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်း၊ ၁၁၄ လမ်းနဲ့ ၁၁၅ လမ်းကြားရှိ ပြည်ကြီးတံခွန် အဆင့်မြင့်ရဲစခန်း ဂိတ်ပေါက်ကို ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ NGU : FF မြေခွေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီလောက်က ရဲအင်အား ၄၀ လောက်ရှိတဲ့ အဆင့်မြင့် ရဲစခန်းကို ပေ ၂၀ ဝန်းကျင်အတွင်းရှိလူတွေ သေစေနိုင်တဲ့ ဗုံး ၁ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၂ ဦး သေဆုံးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြေခွေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “အဆင့်မြင့်ရဲစခန်းမှာ အင်အားများတယ်။ ရဲနှစ်ယောက်ကြားထဲ ဗုံးပစ်ထည့်ခဲ့တာ။ ဒီဗုံးက တော်တော်ပြင်းပါတယ်။ ပေ ၂၀ ဝန်းကျင်မှာရှိတဲ့ လူတွေအကုန်သေနိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Anonymous Force MDY၊ VOMDY-Front Warrior နဲ့ Truth Keeping Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။

ဒီဇင်ဘာ ၁၃ ရက်ကလည်း အောင်မြေသာစံမြို့နယ်အတွင်းရှိ စစ်ကောင်စီကို အခွန်ဆောင်ပြီး ဖွင့်လှစ်ထားကာ ကလပ်အတွင်း မူးယစ်ဆေးဝါးတွေ သုံးစွဲခွင့်ပေးထားတဲ့ Zeus Bar ကို NGU : FF မြေခွေးအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ဗုံးပစ်သတိပေးခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up