close

ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်း လျှပ်စစ်ဓာတ်အားဆိုင်ရာ အဆောက်အအုံ မီးလောင်

ယူကရိန်းနိုင်ငံမြို့တော် ကိယဗ်မှာ ရုရှားရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုတွေကြောင့် ဒီဇင်ဘာ ၁၉ ရက်က အရေးကြီးတဲ့ လျှပ်စစ်ဓာတ်အားဆိုင်ရာ အခြေခံအဆောက်အအုံတခုမှာ မီးလောင်ခဲ့ပါတယ်။

ဒါဟာ မနက်အစောပိုင်းမှာ ကိယဗ်မြို့တွင်းနဲ့ အနီးတဝိုက်က အရေးကြီးတဲ့ အခြေခံ အဆောက်အအုံတွေကို ရုရှားရဲ့ နောက်ဆုံး ပစ်ခတ်တိုက်ခိုက်မှုတရပ်လည်း ဖြစ်ပါတယ်။

ယူကရိန်း လေကြောင်းကာကွယ်ရေးစနစ်ကလည်း ကိယဗ်မြို့တော်ဆီ ဦးတည်လာတဲ့ မောင်းသူမဲ့ ရုရှားဒရုန်းလေယာဉ် ၁၅ စင်းကနေ အစင်း ၂၀ လောက်အထိ ပစ်ချခဲ့တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။

“တုန်ခါမှုက တကယ်ကို အဆက်မပြတ်ပါပဲ။ ထိုင်ပြီး ဆေးလိပ်သောက်နေရင်း ရုတ်တရက် ဆူညံသံကြားလိုက်ရပြီးနောက် ပေါက်ကွဲသံကို ချက်ချင်းကြားလိုက်ရတယ်။ သုံးမိနစ်၊ လေးမိနစ်လောက်ကြာတော့ နောက်ထပ် ဒုတိယပေါက်ကွဲသံကို ကြားလိုက်ရတယ်” လို့ မြို့ခံတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ကိယဗ်မြို့တော်ဝန်ကတော့ အကြိုသတင်းအချက်အလက် ပေးပို့မှုတွေအရ မြို့တော်ကို တိုက်ခိုက်မှုအတွင်း လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု မရှိသေးဘူးလို့ ဆိုပါတယ်။

ဆောလိုမရန်းစကီးခရိုင်နဲ့ ရှက်ဗ်ချင်ကီစကီး ခရိုင်တွေက ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့ နေရာတွေမှာတော့ ဆေးဝန်ထမ်းတွေ ရောက်ရှိနေပြီး အလုပ်လုပ်ကိုင်နေပြီလို့ သူက ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up