close

ဆားလင်းကြီးမြို့နယ်တွင် ဘီယာဆိုင်လာသည့် ရဲ ၅ ဦး ပစ်‌သတ်ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်‌မှာ ဘီယာဆိုင်လာထိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်  ၅ ယောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်‌လို့ Triple Two Task Force အဖွဲ့က ဒီဇင်‌ဘာ ၁၉ ရက်‌‌မှာ ထုတ်‌ပြန်‌ပါတယ်‌။

ဒီဇင်ဘာလ ၁၈ ရက်‌ မနက်‌ ၈ နာရီ ကျော်‌‌လောက်‌မှာ ဆားလင်းကြီးမြို့နယ် တနေရာရှိ ဘီယာဆိုင်ကိုလာတဲ့ စစ်ကောင်စီ လက်‌‌အောက်‌ခံ ရဲ ၅ ယောက်ကို မဟာမိတ် ပြည်သူ့ကာကွယ်‌‌ရေးအဖွဲ့က ပစ်ခတ်တိုက်‌ခိုက်‌ခဲ့ပြီး ဒုရဲအုပ် အပါအဝင် ရဲ ၄ ယောက် နေရာမှာ ပွဲချင်းပြီး သေဆုံးသွားပြီး တယောက် ထွက်ပြေးလွတ်မြောက်သွားတယ်‌လို့ Triple Two Task Force ကဆိုပါတယ်‌။

အဆိုပါ ဖြစ်စဉ်မှာ သေနတ် ၃ လက်နဲ့ ရဲအသုံးအဆောင် ပစ္စည်းတချို့ သိမ်းဆည်းရခဲ့ပြီး ရဲ‌တွေရဲ့ ပြန်လည် ပစ်ခတ်မှုကြောင့် ကြားထဲက ပြည်သူတယောက် ကျည်ထိမှန်သေဆုံးခဲ့ကာ ပြည်သူ့ကာကွယ်ရေးရဲဘော်တချို့လည်း ဒဏ်ရာရရှိခဲ့ပါတယ်‌။

ဒီစစ်ဆင်ရေးကို Chindwin Galone Yarzar Guerrilla Defense Force၊ Salingyi People's Defense Force၊ Triple Two Task Force၊ Monywa Trust Of Force၊ Yinmarbin Local PDF၊Alpha Special Force အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up