close

ရေစကြိုမြို့နယ် ထန်းပင်ချောင်းကျေးရွာကို စစ်တပ်က မီးရှို့၊ အိမ်ခြေ ၂၀ ကျော် ဆုံးရှုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ထန်းပင်ချောင်းကျေးရွာကို ဒီဇင်ဘာ ၂၁ ရက်ညမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၂၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေစကြိုမြို့နယ် ထန်းပင်ချောင်းကျေးရွာကို ဒီဇင်ဘာ ၂၁ ရက်နေ့ ည ၇ နာရီလောက်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တာလို့ ထန်းပင်ချောင်းကျေးရွာသားတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အိမ်ခြေ ၁၀၀ ကျော်ရှိ ထန်းပင်ချောင်းကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ဖျက်ဆီးတာကြောင့် ရွာသားတွေ ဘေးလွတ်ရာ အသက်လု ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အဝတ်အထည်၊ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

“အဲဒီစစ်(...)တွေဟာ ကျနော်တို့ရွာက နေအိမ်တွေကို စိတ်ကြိုက်မွှေနှောက်ပြီး ပြည်သူတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူသွားကြတယ်။” 

မကွေးတိုင်းဒေသကြီးအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်အထိ စစ်ကောင်စီတပ်တွေက အိမ်ခြေ ၇၈၁၈ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဒီဇင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up