close

ရန်ပုံငွေအခက်အခဲကြောင့် မြိတ်မြို့ရှိ နာရေးကူညီမှုအသင်းများ ရပ်တည်ရန်ခက်ခဲ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပရဟိတ နာရေးကူညီမှုအသင်းတွေဟာ ရန်ပုံငွေအခက်အခဲရှိနေပြီး ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

နာရေးကူညီမှုအသင်းသားတဦးက “အခုချိန်မှာ ဆီဈေးတွေကြီးတော့ အလှူခံပြီး လုပ်နေရတယ်။ နယ်ဝေးဆိုတော့ ပိုက်ဆံပိုတောင်းရတာပေါ့။ တတ်နိုင်တဲ့သူတွေကတော့ ပိုပေးကြတယ်။ အခုချိန်မှာတော့ အခြေအနေကြည့်ပြီး လုပ်နေရတာပါ” လို့ ပြောပါတယ်။

နာရေးကူညီမှုအသင်းတွေဟာ ရန်ပုံငွေအခက်အခဲ ရှိနေပေမဲ့ အရေအတွက်တော့ ပိုပြီးများလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ပရဟိတ နာရေးကူညီမှုတွေအသင်းတွေ များလာတာဟာ ကားတစီးနဲ့ တသင်း ထောင်ထားတဲ့သူတွေလည်း ရှိတယ်လေ။ မာရှယ်လောကတော့ ပုံမှန်မရှိဘူး။ လမ်းခရီးကတော့ သွားလို့ရရင်သွားတယ်။ မသွားရရင် အိပ်စောင့်ပေါ့။ အားလုံးအတူတူပဲလေ။ ကျနော်တို့က လူနာကိုပဲ အဓိကထားပြီး လုပ်သင့်တာတွေ လုပ်ရတာပေါ့” လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

မြိတ်မြို့မှာ နာရေးကူညီမှုအသင်း ၆၀ နီးပါးလောက်ရှိပြီး  အသင်းကြီးတွေကတော့ ၁၀ သင်းလောက်ပဲရှိကာ အများစုက အသင်းငယ်လေးတွေဖြစ်တယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up