ဆာဘီးယားနှင့် ဆက်သွယ်ထားသည့် အကြီးဆုံးနယ်စပ်ဂိတ်ကို ကိုဆိုဗိုဘက်က ပိတ်ပစ်

ကိုဆိုဗိုနိုင်ငံဟာ ဆာဘီးယားနဲ့ဆက်သွယ်ထားတဲ့ အကြီးဆုံး နယ်စပ်ဖြတ်ကျော်ဂိတ်ဖြစ်တဲ့ မာဒါးရီဂိတ်ကို ဒီဇင်ဘာ ၂၈ ရက်မှာ ပိတ်ပစ်ခဲ့ပါတယ်။
မာဒါးရီ ဝင်ပေါက်ဂိတ်ဟာ ကုန်းလမ်းကြောင်းအတွက် ကိုဆိုဗိုရဲ့ အရေးအပါဆုံး ဖြစ်ပြီး နိုင်ငံတကာ ရထားလမ်းတွေကို သွယ်တန်းထားပါတယ်။
ကိုဆိုဗိုနိုင်ငံရဲ့ လွတ်လပ်ရေးကို အသိအမှတ်မပြုဘဲ ငြင်းဆန်ခံခဲ့ရလို့ ဆားဘီးယားက ဆန္ဒပြသူတွေဟာ ကိုဆိုဗိုရှိ သူတို့ရဲ့ ဆွေမျိုးပေါက်ဖော်တွေကို ထောက်ခံအားပေးဖို့အတွက် ဆားဘီးယားဘက်ခြမ်းကို အရင်ပိတ်ပစ်ခဲ့တာပါ။
ဒီဇင်ဘာ ၁၀ ရက် ကတည်းက သူတို့ရဲ့ ကိုဆိုဗိုဘက်ခြမ်းမှာ အလားတူ ဆန္ဒပြမှုတွေကြောင့် ဆားဘီးယားနယ်စပ်ရှိ တခြားဖြတ်ကျော်ဂိတ် နှစ်ခုကို ပိတ်လိုက်တာကြောင့် နှစ်နိုင်ငံအကြား ဝင်ပေါက် ၃ ခုသာ ကျန်ရှိပါတော့တယ်။
နယ်စပ်ဖြတ်ကျော်မှုက မသုံးတော့ဘူးလို့ ထင်ရပေမဲ့ ဂိတ်ပိတ်လိုက်တာဟာ သန်းခေါင်ကျော်မှာ သက်ရောက်ခဲ့ပါတယ်။
ရက်သတ္တပတ်တွေအတွင်း ဘဲလ်ဂရိတ်နဲ့ ပရစ္စတီနာတို့ကြား တင်းမာမှုတွေ တိုးလာပြီးနောက်မှာ ဆားဘီးယားက သူ့စစ်တပ်ကို အမြင့်ဆုံးသတိပေးချက် အဆင့်မြှင့်ထားကြောင်း ပြောကြားပြီး နာရီပိုင်းအကြာမှာပဲ အခုနောက်ဆုံးဆန္ဒပြမှု လုပ်ဆောင်လာတာပါ။
ဆားဗီးယားနိုင်ငံရှိ ဆာ့ဘ်တွေဟာ ကိုဆိုဗိုအရှေ့ပိုင်းနယ်စပ်ရှိ မာဒါးရီ ဖြတ်ကျော်ဂိတ်အနီးမှာ နောက်ဆုံးပေါ် လမ်းပိတ်ဆို့မှု လုပ်ဖို့ ဒီဇင်ဘာ ၂၇ ရက် အင်္ဂါနေ့က ထရပ်ကားနဲ့ ထွန်စက်တွေကို အသုံးပြုခဲ့ကြကြောင်း ဘဲလ်ဂရိဒ်အခြေစိုက် မီဒီယာက အစီရင်ခံပါတယ်။
ဒီအတားအဆီးတွေဟာ ဥရောပမှာ အလုပ်လုပ်နေကြပြီး အားလပ်ရက်မှာ အိမ်ပြန်လာကြမယ့် ကိုဆိုဗိုဇာတိသား ထောင်ပေါင်းများစွာကို တားဆီးထားပါတယ်။ ကိုဆိုဗိုဟာ ဆာဘီးယားကနေ ခွဲထွက်တဲ့နိုင်ငံဖြစ်တာကြောင့် ကိုဆိုဗိုမြောက်ပိုင်းမှာ လူမျိုးအရ ခွဲခြားထားတဲ့ ဆာ့ဘ်လူမျိုး ၅ သောင်းလောက်ဟာ ပရစ္စတီနာမြို့တော် အစိုးရကို ဒါမှမဟုတ် ကိုဆိုဗိုရဲ့အခြေအနေကို အသိအမှတ်ပြုဖို့ ငြင်းဆန်ထားပါတယ်။
သူတို့ကို ဆားဘီးယားရှိ ဆာ့ဘ်အများအပြားနဲ့ သူတို့ရဲ့အစိုးရက ထောက်ခံထားပါတယ်။ ပရစ္စတီနာရှိ အစိုးရဟာ ကိုဆိုဗိုရှိ နေတိုး-ဦးဆောင် နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့ KFOR ကို အတားအဆီးတွေကို ရှင်းလင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ KFOR အနေနဲ့ ဆားဘီးယားမြေပေါ်မှာ လုပ်ဆောင်ပိုင်ခွင့် မရှိပါဘူး။