ပုပ်ရဟန်းမင်းကြီးဟောင်း ဘန်နဒစ် ကျန်းမာရေးမကောင်းဖြစ်နေ

ပုပ်ရဟန်းမင်းကြီးဟောင်း ဘန်နဒစ် အရမ်းနေမကောင်းဖြစ်နေလို့ သူ့အတွက် ဆုတောင်းမေတ္တာ ပို့သပေးဖို့ လက်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီဇင်ဘာ ၂၈ ရက်မှာ မေတ္တာရပ်ခံခဲ့ပါတယ်။
ပုပ်ဖရန်စစ်ဟာ သူ့ရဲ့ပရိသတ်တွေနဲ့ တွေ့ဆုံမှုအပြီးမှာ အခုလို ပန်ကြား မေတ္တာရပ်ခံခဲ့တာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ပြောကြားခြင်းမရှိပါဘူး။
၂၀၁၃ ခုနှစ်မှာ ပုပ်ရဟန်းမင်းအဖြစ်ကနေ နုတ်ထွက်ခဲ့တဲ့ အသက် ၉၅ နှစ်အရွယ် ဘန်နဒစ်ဟာ နှစ်ပေါင်း ၆၀၀ အတွင်း ပထမဆုံးနုတ်ထွက်တဲ့ ပုပ်ရဟန်းမင်း ဖြစ်လာပါတယ်။
အဲဒီအချိန်ကတည်းက ဗာတီကန်မှာ နေထိုင်နေတဲ့ ဘန်နဒစ်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ဗာတီကန်က ချက်ချင်း မှတ်ချက်ပေးတာ မရှိခဲ့သလို ဗာတီကန်ရှိ သူ့ရဲ့နေအိမ်ကို ဖုန်းခေါ်ဆိုမှုတွေကိုလည်း ဖြေကြားခြင်းမရှိပါဘူး။