ဇန်နဝါရီအပြောင်းအရွှေ့တွင် တိုက်စစ်မှူး ၁ ဦး မန်ယူခေါ်ယူမည်

မန်ယူအသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးတယောက် ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။
စီရော်နယ်ဒိုကို စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက် သူ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးတယောက်ကို ခေါ်ယူဖို့ ရှာဖွေနေပြီး ကာလတိုစာချုပ်နဲ့ ခေါ်ယူဖို့ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတုန်းကလည်း နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုကို ကာလတိုစာချုပ်နဲ့ ခေါ်ယူခဲ့ဖူးပါတယ်။
ရေရှည်အတွက် ပီအက်စ်ဗွီအသင်းက ဟော်လန်လက်ရွေးစင်တိုက်စစ်မှူး ဂတ်ပိုကို ခေါ်ယူဖို့ မန်ယူအသင်းက ပြီးခဲ့တဲ့နွေရာသီကတည်းက ကြိုးပမ်းခဲ့ဖူးပါတယ်။
လာမယ့်ဇန်နဝါရီမှာလည်း ဂတ်ပိုကိုခေါ်ယူဖို့ ကြိုးစားလာနိုင်ခြေရှိကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။