close

ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဘားအံညဈေးတွင် ရောင်းအား ထက်ဝက်ကျော်ကျဆင်း

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကမ်းနားလမ်းမှာရှိတဲ့ ဈေးသည်တွေအနေနဲ့ စစ်တပ်အာဏာသိမ်း ပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေကြီးမြင့်လာတဲ့အပြင် ပြည်သူတွေအနေနဲ့လည်း အလုပ်ကိုင်တွေ ရှားပါးလာတာကြောင့် ဈေးရောင်းချမှုက အရင်ကထက် ရောင်းအား ထက်ဝက်ကျော် ကျဆင်းသွားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

စစ်တပ် အာဏာမသိမ်းခင်ကာလ ကြက်သား တပိဿာကို ကျပ် ၆၀၀၀ သာရှိခဲ့ပြီး အခုခါမှာ တော့ ကျပ် ၁၀၀၀၀ အထိ မြင့်တက်လာသလို ရောင်းချရတဲ့အရေတွက်ကလည်း အရင်က တနေ့ကို အကောင် ၃၀ ကျော်ရောင်းချခဲ့ရပေမယ့် အခုခါမှာတော့ ၁၅ ကောင် ကုန်အောင် မနည်းရောင်းချ နေရတယ်လို့ ဆိုပါတယ်။

ကုန်စိမ်းရောင်းချတဲ့သူတွေအနေနဲ့လည်း ကုန်စိမ်းဈေးနှုန်းက အရင်ကထက် ၃ ဆလောက် မြင့်တက်သွားတာကြောင့် ဈေးဝယ်သူတွေကလည်း အရင်ကထက် လျှော့နည်းသွားတယ်လို့ ကုန်စိမ်းရောင်းချသူတဦးက  ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေ မြင့်တက်လာကြောင့် အရင်ကလို မဝယ်နိုင်တော့ဘဲ ချွေတာပြီး ဝယ်ယူနေရတယ်လို့ ဘားအံမြို့က ဈေးဝယ်သူ တဦးက ပြော ပါတယ်။

ဘားအံမြို့ကမ်းနားလမ်းမှာရှိတဲ့ ညဈေးမှာ ဈေးဆိုင်ပေါင်း ၂၀၀ ကျော်ဖွင့်လှစ်ရောင်းချခဲ့ရာက အာဏာသိမ်းပြီးနောက်ပိုင်း ရောင်းချရမှု ထက်ဝက်ကျော်လောက် လျှော့ကျသွားတယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up