close

ဥရောပ၊ ဩစတြေးလျနှင့် အမေရိကန်မှ ကမ်းလှမ်းချက်များကို ပယ်ချခဲ့ဟု ရော်နယ်ဒိုပြော

ဥရောပနဲ့ တခြားနိုင်ငံတွေက ကလပ်တွေမှာ ကစားခွင့်ရှိပေမယ့် သူတို့ရဲ့ကမ်းလှမ်းချက်တွေကို ပယ်ချခဲ့တာဖြစ်ကြောင်း ရော်နယ်ဒိုက ထုတ်ဖော်ပြောပါတယ်။

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနဲ့ တရားဝင်စာချုပ်ချုပ်ဆိုအပြီးမှာ ဥရောပနဲ့ ဘရာဇီးက ကလပ်တွေအပြင် သြစတြေးလျ၊ အမေရိကန်နဲ့ ပေါ်တူဂီနိုင်ငံကကလပ်အသင်းတွေရဲ့ ကမ်းလှမ်းချက်တွေကို လက်မခံခဲ့တယ်လို့ ရော်နယ်ဒိုကပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ တစ်နှစ် လုပ်ခပေါင် ၁၇၅ သန်းတန် စာချုပ်ကို လက်မှတ်ရေးထိုး ခဲ့တာပါ။

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ဘောလုံးအပြင် မျိုးဆက်သစ်တွေနဲ့ အမျိုးသမီးလူငယ်ကစားသမားတွေအတွက်ပါ သူ့ကိုခေါ်ယူခဲ့တာဖြစ် ကြောင်း ရော်နယ်ဒိုကပြောပါတယ်။

ဆော်ဒီမှာ မျိုးဆက်သစ်လူငယ်ကစားသာမားတွေရဲ့စိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲပေးချင်ပြီး အဲဒီလိုအခွင့်အရေးပေးတဲ့ အယ်လ်နာဆအသင်းကို ကျေးဇူတင်ကြောင်း ရော်နယ်ဒိုက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up