close

မွန်ပြည်နယ်တွင် လွှတ်တော်ဥက္ကဋ္ဌ၏ သားဖြစ်သူ အပါအဝင် အကျဉ်းသား ၄၀၀ ကျော် ပြန်လွတ်

မွန်ပြည်နယ်ရှိ အကျဉ်းထောင်၊ အချုပ်ထောင် ၁၁ ခုက အကျဉ်းသား ၃၂၇ ဦး၊ အကျဉ်းသူ ၈၅ ဦး၊ စုစုပေါင်း ၄၁၂ ဦး ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်မြောက်လာပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိရဲ့ သားဖြစ်သူ နိုင်ငံရေးအကျဉ်းသား ကိုသဲဟိန်းလည်း  ပြန်လည်လွတ်မြောက် လာပြီလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“မနေ့က အိမ်ပြန်ရောက်တယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်ကနေ လွတ်လာတာ၊ ကျန်းကျန်းမာမာပဲ” လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ကိုသဲဟိန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့နှစ် မေလ ၁၁ ရက်နေ့တုန်းက နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးပြီးနောက် သြဂုတ်လမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၁ နှစ် အမိန့်ချခဲ့ပါတယ်။

ကိုသဲဟိန်းရဲ့မိခင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ထိ မွန်ပြည်နယ်လွှတ်တော်မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သံဖြူဇရပ်မြို့ နေအိမ်မှာ နေထိုင်နေတာ ဖြစ်ပါတယ်။

၇၅ နှစ်ပြည့် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်သား ၇,၀၀၀ ကျော် ပြန်လွှတ်ပေးရာမှာ မွန်ပြည်နယ်မှာတော့  အကျဉ်းသား စုစုပေါင်း ၄၁၂ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up