close

မန်ယူအသင်း ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲတွင် ၁၀ ပွဲအထိ အနိုင်ရ

အက်ဖ်အေဖလားမှာ အဲဗာတန်ကိုနိုင်ပြီး နောက်တဆင့်တက်ခဲ့တဲ့ မန်ယူအသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲမှာ ၁၀ ပွဲ အနိုင်ရခဲ့ပါတယ်။

တသင်းလုံး စွမ်းဆောင်ရည်နဲ့ ကစားပုံ ကောင်းမွန်လာပြီး တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်လည်း အကောင်းဆုံးခြေစွမ်းကို ရရှိနေပါတယ်။

ပြိုင်ဘက်အသင်းအားလုံး ခြေစွမ်းကျဆင်းတာ၊ ရလဒ်မကောင်းတာတွေ ရှိနေချိန်မှာ မန်ယူက ပြိုင်ပွဲစုံမှာ နိုင်ပွဲတွေဆက်နေတာပါ။

မန်ယူဟာ ရှေ့တပတ်မှာ ဒါဘီပြိုင်ဘက် မန်စီးတီးနဲ့ အိမ်ကွင်းမှာ ကစားရဖို့ရှိနေပြီး ပထမအကျော့တုန်းကတော့ မန်စီးတီးကို အဝေးကွင်းမှာ ဂိုးပြတ် အရှက်တကွဲ ရှုံးနိမ့်ထားပါတယ်။

မန်စီးတီးနဲ့ပွဲပြီးရင် အာဆင်နယ်နဲ့ ဆက်ကစားရမှာဖြစ်ပြီး အဲဒီပွဲ ၂ ပွဲက ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်ယူအသင်း စိန်ခေါ်နိုင်မှာလားဆိုတဲ့ မေးခွန်းကို အဖြေထုတ်ပေးလာနိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up