ယာအိုဖိလစ်ကို အငှားစာချုပ်ဖြင့်ခေါ်ယူရန် ချဲလ်ဆီးအသင်း သဘောတူညီမှုရ

3
ချဲလ်ဆီးအသင်းဟာ စပိန်ကလပ် အက်သလက်တီကို တိုက်စစ်မှူးယာအိုဖိလစ်ကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရယူနိုင်ခဲ့ပါတယ်။
မန်ယူနဲ့ အာဆင်နယ်တို့ကလည်း အပြိုင်ချိတ်ဆက်နေတဲ့ကြားကပဲ ချဲလ်ဆီးအသင်းက လက်ဦးမှုရယူနိုင်ခဲ့တာပါ။
ပေါ်တူဂီတိုက်စစ်မှူးအတွက် ချဲလ်ဆီးအသင်းက ၆ လအငှားစာချုပ်ကြေးအဖြစ် ပေါင် ၉ သန်း ပေးချေသွားရမှာပါ။
ကနဦးမှာ အက်သလက်တီကိုဘက်က ပေါင် ၁၃ ဒသမ ၂၅ သန်းတောင်းဆိုခဲ့ပေမယ့် နောက်ဆုံးမှာတော့ ပေါင် ၉ သန်းနဲ့ လက်ခံသဘောတူညီခဲ့တာလို့ သိရပါတယ်။
အသက် ၂၃ နှစ်ရှိ တိုက်စစ်မှူး ဖိလစ်ဟာတီကိုနဲ့ လာလီဂါ ၁၄ ပွဲမှာ ၄ ဂိုးသွင်းပြီး ၃ ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။