ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်းကိုခေါ်ယူရန် ချဲလ်ဆီးအသင်းဆွေးနွေး

3.1K
ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်းကိုခေါ်ယူဖို့ ကစားသမားဖြစ်သူရဲ့ အေးဂျင့်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဘာစီလိုနာက တိုက်စစ်မှူး လီဝန်ဒေါစကီးကိုခေါ်ယူခဲ့တာကြောင့် အူဘာမီယန်းက ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး အသင်းပြောင်းဖို့စီစဉ်နေတာပါ။
ချဲလ်ဆီးအသင်းဟာလည်း အထောင်တိုက်စစ်မှူးတစ်ဦးခေါ်ယူလိုတာကြောင့် လန်ဒန်မှာ အခြေချခဲ့ဖူးတဲ့ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းကိုခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာပါ။
ချဲလ်ဆီးနည်းပြသောမက်စ်တူချယ်ဟာလည်း အူဘာမီယန်းနဲ့ ဒေါ့မွန်အသင်းမှာ အတူလက်တွဲခဲ့ဖူးပါ တယ်။
အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကမှ အာဆင်နယ်နဲ့ စာချုပ်ဖျက်သိမ်းပြီး ဘာစီလိုနာဆီပြောင်းရွှေ့ခဲ့တာပါ။
သူဟာ ဘာစီလိုနာမှာ စုစုပေါင်း ၂၄ ပွဲကစားအပြီး ၁၃ ဂိုးသွင်းယူထားပါတယ်။