close

ပခုက္ကူဒေသခံတဦးကို စစ်ကောင်စီ ဖမ်းဆီး

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ ဇန်နဝါရီ ၁၄ ရက်နေ့ မနက်က ဒေသခံပြည်သူတယောက်ကို စစ်ကောင်စီတပ်က  PDF ဆိုပြီး  စွပ်စွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ် (၁၁) ရပ်ကွက်၊ ပေါက်-ကမ္မလမ်းပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ ကိုအောင်ဆန်းဦးကို စစ်ကောင်စီတပ်က မနေ့မနက် ၁၀ နာရီလောက်မှာ ဖမ်းဆီးသွားကြတာလို့ ကမ္မမြို့ဒေသခံတယောက်က ပြောပါတယ်။

ကိုအောင်ဆန်းဦးကို ကမ္မနယ်မြေရဲစခန်းကနေ တဆင့် ပခုက္ကူမြို့မရဲစခန်း စစ်ကြောရေးကို ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေကို အကြောင်းအမျိုးမျိုပြပြီး မတရားဖမ်းဆီးကာ ငွေညှစ်တာနဲ့ တရားစွဲ ထောင်ချတာတွေ ဆက်တိုက်ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်း  မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃၄၉၅ ယောက်ရှိပြီး အဲဒီထဲက ၂၀၅၇ ယောက်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up