close

အာဆင်နယ်အသင်း စပါးကိုအနိုင်ယူပြီး အမှတ်ပေးဇယားတွင် ၈ မှတ်အသာဖြင့် ဦးဆောင်

မနေ့ညက ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်က စပါးအသင်းကိုအနိုင်ယူပြီး အမှတ်ပေးဇယားကို ၈ မှတ်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ စပါးအသင်းရဲ့ အိမ်ကွင်းမှာလာရောက်ကစားခဲ့ရပေမယ့် ပထမပိုင်းကတည်းက ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာ အနိုင်ရလဒ်ကိုထိန်းကစားသွားခဲ့ပြီး ဂိုးသမားအာရွန်ရမ်စ်ဒေးကလည်း ကာကွယ်မှု တွေပြုလုပ်ခဲ့ပါတယ်။

ဒီနိုင်ပွဲရလဒ်ကြောင့် ဒုတိယနေရာက မန်စီးတီးကို ၈ မှတ်အထိဖြတ်နိုင်ခဲ့ပြီး အသင်းသမိုင်းတလျှောက် ၁၈ ပွဲ ကစားပြီးချိန်မှာ အမှတ်ဖြတ်မှုနိုင်မှုအများဆုံးဖြစ်ခဲ့တာပါ။

အာဆင်နယ်ဟာ လာမယ့်တတပတ်စူပါဆန်းဒေးမှာ မန်စီးတီးကို အနိုင်ယူခဲ့တဲ့ မန်ယူအသင်းကို အိမ်ကွင်းမှာလက်ခံ ကစားသွားရမှာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up