close

ယူကရိန်း စပါးသင်္ဘောအစီး ၆၀ တင်ပို့ရန် မျှော်မှန်း

ယူကရိန်းသမ္မတ  ဇလန်းစကီးဟာ "ယူကရိန်းမှစပါး" အစီအစဉ်အရ ၂၀၂၃ ခုနှစ် နွေဦးရာသီ မတိုင်ခင် စပါးသင်္ဘော အစီး ၆၀ လောက် တင်ပို့နိုင်ဖို့ မျှော်မှန်းထားကြောင်း ဒီဇင်ဘာလ ၂ ရက်မှာ ပြောပါတယ်။ 

ဂျုံတွေ တင်ဆောင်ထားတဲ့ ပထမဆုံး ကုန်တင်သင်္ဘောဟာ အီသီယိုးပီးယားကို ထွက်ခွာသွားပြီ ဖြစ်ပြီး သူ့နောက်မှာ ဒုတိယသင်္ဘောလည်း လိုက်ပါသွားပြီလို့  ဇလန်းစကီးက နေ့စဉ် ညနေခင်း ဗွီဒီယိုမိန့်ခွန်းထဲမှာ ပြောပါတယ်။

တတိယသင်္ဘောမှာတော့ ဂျုံတွေတင်ဆောင်ထားပြီး ဆိုမာလီယာကို ပို့ဆောင်မှာဖြစ်ပါတယ်။ ရုရှားကျူးကျော်မှုကြောင့် ၆ လနီးပါး ပိတ်ဆို့ထားခဲ့တဲ့ ယူကရိန်း ပင်လယ်နက်ဆိပ်ကမ်း ၃ ခုကို ကုလသမဂ္ဂနဲ့ တူရကီတို့က ကြားဝင်စေ့စပ်ပေးတဲ့ မော်စကိုနဲ့ ကိယက်ဗ်တို့ ကြားက သဘောတူညီချက်အရ ဇူလိုင်လကုန်မှာ ပြန်ဖွင့်ခဲ့ပါတယ်။ 

အဲဒီသဘောတူညီချက်အရ ယူကရိန်းဟာ စိုက်ပျိုးရေးထွက်ကုန် တန်ချိန် ၁၃ သန်းနီးပါး တင်ပို့နိုင်ခဲ့ကြောင်း ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။ 

နိုဝင်ဘာ ၂၆ ရက်မှာ ယူကရိန်းနဲ့ မဟာမိတ်နိုင်ငံတွေဟာ အငတ်ဘေးနဲ့ မိုးခေါင်မှုဒဏ် အခံရဆုံးနိုင်ငံတွေကို အမေရိကန်ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိ စပါးတင်ပို့မယ့် အစီအစဉ်ကို စတင်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ အစောပိုင်းက ရုရှားနဲ့စစ်သုံ့ပန်းလဲလှယ်ရေး အစီအစဉ်တစိတ်တပိုင်းအရ ယူကရိန်းကို ပြန်ရောက်လာတဲ့ စစ်သုံ့ပန်းတွေကို ဇီလန်စကီးက ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up