အာဆင်နယ်က မန်စီးတီးလို ကစားရခက်သည့်အသင်းဖြစ်လာပြီဟု စပါးနည်းပြကွန်တီသုံးသပ်

အာဆင်နယ်အသင်းဟာ မန်စီးတီးလို ကစားရခက်ခဲတဲ့အသင်းဖြစ်လာပြီလို့ စပါးနည်းပြကွန်တီက ပြောသွားပါတယ်။
အာဆင်နယ်ကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ပြိုင်ဘက်အသင်းနဲ့ ပတ်သက်ပြီး နည်းပြကွန်တီက မှတ်ချက်ပေးခဲ့တာပါ။
အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်နိုင်မှုဟာ ချန်ပီယံဆုဖလားကိုစိန်ခေါ်ဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတာကို ပြသနေပြီး မန်စီးတီးအသင်းလို ကစားရ ခက်ခဲတဲ့အသင်းဖြစ်လာပြီလို့ နည်းပြကွန်တီကပြောပါတယ်။
“အာဆင်နယ်က မန်ချက်စတာစီးတီးလို ခက်ခဲတဲ့ပြိုင် ဘက်အသင်းဖြစ်လာတယ်။ နှစ်သင်းစလုံးက ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းတွေဖြစ်ပြီး တစ်သင်းကပဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လိမ့်မယ်” လို့ နည်းပြကွန်တီကပြောပါတယ်။
စပါးအသင်းအနေနဲ့ ဦးဆောင်ဂိုး ၂ ဂိုးပေးလိုက်ရပြီးနောက်မှာ ပြန်လာနိုင်ဖို့ခက်ခဲသွားပြီး အာဆင်နယ်ဂိုးသမားကလည်း ကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့ကြောင်း နည်းပြ ကွန်တီကပြောသွားပါတယ်။