ဒိုင်များကိုလေးစားရန် အာဆင်နယ်နှင့်ပတ်သက်ပြီး စပါးနည်းပြကွန်တီဝေဖန်

ဘယ်လိုအခြေအနေမှာမဆို ဒိုင်တွေကို လေးစားမှုပြသသင့်တယ်လို့ အာဆင်နယ်အသင်းနဲ့ ပတ်သက်ပြီး နည်းပြ ကွန်တီကပြောပါတယ်။
အာဆင်နယ်ကစားသမားတွေဟာ နယူးကာဆယ်နဲ့ အောက်စ်ဖို့ဒ်အသင်းတွေနဲ့ပွဲစဉ်တွေမှာ ပင်နယ်တီမပေးခဲ့တာနဲ့ ပတ်သက်ပြီး ကွင်းလယ်ဒိုင်ကို ဝိုင်းဝန်း စောဒကတက်ခဲ့ကြတာပါ။
အဲဒီအတွက် အင်္ဂလန်အက်ဖ်အေကလည်း အရေးယူထားပြီး ဘယ်အခြေအနေမှာဖြစ်ဖြစ် ဒိုင်တွေကို လေးစားသင့်ကြေင်း စပါးနည်းပြကွန်တီကဝေဖန်ခဲ့တာပါ။
ဒိုင်လူကြီးတစ်ယောက်ဖြစ်လာဖို့ အလွန်ခက်ခဲတယ်ဆိုတာ ကောင်းကောင်းသိပြီး အရေးပါတဲ့ ပွဲစဉ်တွေမှာလည်း လေးစားမှုကို ရှေ့တန်းတင်ရမှာဖြစ်ကြောင်း နည်းပြကွန်တီကပြောပါတယ်။
နည်းပြကွန်တီဟာ စပို့တင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သွင်းဂိုးကိုပယ်ဖျက်ခဲ့တဲ့အပေါ် စောဒကတက်ခဲ့ လို့ ကွင်းထဲကနေအထုတ်ခံခဲ့ရဖူးပါတယ်။
အဲဒီအခြေအနေအပေါ် အလွန်ဝမ်းနည်းမိပြီး ဒိုင်လူကြီးတွေအပေါ် လေးစားမှုမရှိခဲ့တာမျိုး မဟုတ်ကြောင်း နည်းပြကွန်တီကပြောသွားပါတယ်။