close

ယူကရိန်းတွင် ရဟတ်ယာဉ်ပျက်ကျ၊ ပြည်ထဲရေးဝန်ကြီး အပါအဝင် ၁၆ ဦးသေဆုံး

ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်အရှေ့ဘက် ဆင်ခြေဖုံးရှိ မူလတန်းကျောင်းအနီးမှာ ရဟတ်ယာဉ်တစင်း ပျက်ကျပြီးနောက် ယူကရိန်းပြည်ထဲရေးဝန်ကြီး အပါအဝင် လူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ်နှစ်ယောက်ပါဝင်ပြီး နောက်ထပ် ၁၀ ယောက်ကိုလည်း ဆေးရုံမှာ ကုသပေးနေပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ ယူကရိန်းပြည်ထဲရေးဝန်ကြီး ဒဲနစ်စ် မိုနာစတရ်စကီဟာ တခြားသူ ၈ ဦးနဲ့အတူ လိုက်ပါလာတာပါ။

ရဟတ်ယာဉ်ဟာ ဘရိုဗားရီမြို့ရဲ့ ဆင်ခြေဖုံးမှာ ဆင်းသက်ချိန် ပျက်ကျခဲ့တာဖြစ်ပြီး သူ့ရဲ့ ပထမလက်ထောက်ဝန်ကြီးနဲ့ ပြည်နယ်အတွင်းရေးမှူးတို့လည်း ကွယ်လွန်သွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ယူကရိန်းနိုင်ငံတော် အရေးပေါ်ဝန်ဆောင်မှုဌာနက ပိုင်ဆိုင်တဲ့ အဆိုပါ ရဟတ်ယာဉ် ပျက်ကျခဲ့ပြီးနောက် သူငယ်တန်းကျောင်းအနီး မီးလောင်မှုဖြစ်ပွားခဲ့လို့ ကလေးတွေနဲ့ ဝန်ထမ်းတွေကို အဆောက်အအုံကနေ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

မီးလောင်နေတဲ့ အဆောက်အအုံအပြင်ဘက်မှာ ရဟတ်ယာဉ်က အပျက်အစီးတွေကို တွေ့မြင်ရပါတယ်။ ရဟတ်ယာဉ်ပျက်ကျချိန်မှာ မြူတွေမှိုင်းပြီး ထူထပ်နေလို့ ပတ်ဝန်းကျင်က မှောင်မည်းနေတယ်လို့ ဆိုပါတယ်။

အစောပိုင်းသတင်းတွေအရ ရဟတ်ယာဉ်ဟာ မူလတန်းကျောင်းကို တိုက်မိပြီးတော့ လူနေအဆောက်အအုံတခုနဲ့ အနီးကပ်မှာ ပျက်ကျခဲ့ကြောင်း သိရပါတယ်။

ကလေး ၁၀ ဦး အပါအဝင် လူ ၂၂ ဦးကို ဆေးရုံပို့ဆောင်ထားကြောင်း ရဲချုပ် ကလီမန်ကိုက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up