ကွင်းလယ်ကစားသမားသစ် ခေါ်ယူရန် လီဗာပူး ကြိုးပမ်း

လီဗာပူးအသင်းဟာ အခုနှစ်ဇန်နဝါရီ အပြောင်းအရွှေ့ မပိတ်သိမ်းခင်မှာ ကွင်းလယ်လူတဦး ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
အသင်းရှိ နောက်ခံလူ နတ်ဖိလစ်ကို အရင်ဆုံး ရောင်းချဖို့ လုပ်ဆောင်နေပြီး ကွင်းလယ်လူတဦးကို အငှား သို့မဟုတ် အပြီးသတ်ခေါ်ယူဖို့ လီဗာပူးအသင်းက စီစဉ်နေတာပါ။
လီဗာပူးဟာ ဂျူဗင်တပ်အသင်း ကွင်းလယ်လူ အာသာမယ်လိုကို ခေါ်ယူထားပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် လက်ရှိအချိန်အထိ ပွဲထွက်ကစားနိုင်ခြင်း မရှိသေးပါဘူး။
ဒီအခြေအနေမှာ ကွင်းလယ်လူတဦး ခေါ်ယူဖို့ ရှာဖွေနေတာဖြစ်ပြီး ဝုဗ်အသင်းက ပေါ်တူဂီ ကွင်းလယ်လူ နူနက်ဇ်နဲ့ ဒေါ့မွန်ကွင်းလယ်လူ ဘာလင်ဂမ်တို့ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
လီဗာပူးအသင်းမှာ တခြားကွင်းလယ်လူတွေဖြစ်ကြတဲ့ မီလ်နာ၊ နာဘီကီတာနဲ့ ချိန်ဘာလိန်တို့က ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။