close

သာကေတ ထူပါရုံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး ဗုံးပေါက်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၁/ ထူပါရုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဇန်နဝါရီ ၂၇ ရက် ဒီနေ့မနက် ၁၀ နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၁၀ နာရီက ၁/ ထူပါရုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး ထူပါရုံလမ်းမပေါ်မှာ ဗုံးပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဗုံးပေါက်တာ အသံအကျယ်ကြီးပဲ၊ စစ်တပ်ရော ရဲတွေရော အကုန်ရောက်နေတာ၊ ရုံးရှေ့မှာ လူတွေအများကြီးပဲ၊ ဗုံးပေါက်တယ်လို့ပြောတယ် ဒဏ်ရာရတဲ့သူတော့ မရှိဘူး။”

ပေါက်ကွဲမှုဖြစ်စဥ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတွေ့လို့ စစ်ကောင်စီတပ်က လာရောက်ဖောက်ခွဲတာဖြစ်တယ်လို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရုံးမှာ လူဦးရေစာရင်းတွေ လုပ်နေတဲ့အချိန် ဗုံးနဲ့ပစ်တာဖြစ်မယ်။ ရုံးခြံစည်းရိုးဘေးမှာတွေ့လို့ စစ်တပ်လှမ်းခေါ်လိုက်တာ၊ စစ်တပ်လာဖောက်သွားတာ။”

ရန်ကုန်က မြို့နယ်တချို့မှာ လူဦးရေစာရင်းကောက်ယူတဲ့နေ့ကစလို့ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေရှိပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိသလို သတင်းပေး ဒလန်တွေကြောင့် ဖမ်းဆီးခံရတဲ့သူတွေလည်း ရှိပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၉၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ဗိုလ်မှုးချုပ်အုန်းသွင် အပါအဝင် ၂၃၅ ဦး သေဆုံးခဲ့ပြီး ၃၆၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up