ထိုင်ဝမ်ရေးရာရုံးအကြီးအကဲနှင့် ကူမင်တန်ပါတီဥက္ကဋ္ဌဟောင်းတို့ တွေ့ဆုံ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ ထိုင်ဝမ်ရေးရာရုံးနဲ့ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး တို့ရဲ့ အကြီးအကဲ စုန့်တောင်ဟာ တရုတ်ကူမင်တန်ပါတီ ဥက္ကဋ္ဌဟောင်း ဟုန်ရှို့ကျူးနဲ့ ဇန်နဝါရီ ၂၈ ရက်က တရုတ်ပြည်မကြီးအရှေ့ပိုင်း ဖှုကျန်းပြည်နယ် ရှားမဲန်းမြို့မှာ တွေ့ဆုံပါတယ်။
တရုတ်သမ္မတနဲ့ ကွန်မြူနစ်ပါတီဗဟိုကော်မတီ အတွင်းရေးမှူး ရှီကျင့်ဖျင်ရဲ့ တရုတ်နှစ်ကူး နှုတ်ခွန်းဆက် စကားကို စုန့်က ဟုန်အတွက် သတင်းစကားပါးခဲ့တာပါ။
၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ အကြိမ် ၂၀ မြောက် CPC အမျိုးသားကွန်ဂရက်ဟာ လက်ရှိအချိန်နဲ့ အနာဂတ်ကာလတခုအတွင်း ထိုင်ဝမ်နဲ့ သက်ဆိုင်တဲ့ ပြည်မကြီးရဲ့ လုပ်ငန်း အစီအစဉ်တွေကို ချမှတ်ခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားတလျှောက် အမျိုးသားပြန်လည် ပေါင်းစည်းရေးနဲ့ ဆက်ဆံရေးဖွံ့ဖြိုး တိုးတက်မှုအပေါ် သိသာထင်ရှားပြီး ကျယ်ကျယ်ပြန့်ပြန့် အကျိုးသက်ရောက်ခဲ့တယ်လို့ စုန့်က ပြောပါတယ်။
ထိုင်ဝမ်ရေလက်ကြားရဲ့ နှစ်ဖက်စလုံးက လူတွေဟာ မိသားတစုတည်းက လူတွေပဲ ဆိုတဲ့ အခြေခံမူနဲ့ ထိုင်ဝမ် တနယ်တည်းသားတွေရဲ့ အကျိုးစီးပွားကို လေးစား ဂရုစိုက် ဆောင်ကြဉ်းဖို့ အကြိမ် ၂၀ မြောက် တရုတ် ကွန်မြူနစ်ပါတီ အမျိုးသား ကွန်ဂရက်က လမ်းညွှန်တဲ့ စည်းမျဉ်းတွေ ကို တရုတ်ပြည်မကြီးက စေ့စေ့စပ်စပ် အကောင်အထည် ဖော်သွားမယ်လို့လည်း စုန့်က ပြောပါတယ်။
နိုင်ငံတော် ပြန်လည်ပေါင်းစည်းရေး ပြန်လည် အားသစ် လောင်းရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေမှာ ထိုင်ဝမ် သွေးချင်းတွေရဲ့ အားထုတ်မှုတွေ ပိုမိုပါဝင် နိုင်စေဖို့ တရုတ်ပြည်မကြီး အစိုးရက အားပေးထောက်ခံသွားမယ်၊ ဒီအကြောင်းတရားကို ဟုံက ဆက်ပြီး အားဖြည့် ထည့်ဝင်သွားဖို့ မျှော်လင့်တယ်လို့လည်း စုန့်က ဆက်ပြောပါတယ်။
နိုင်ငံတော် ပြန်လည်ပေါင်းစည်းရေးနဲ့ ပြန်လည်အားသစ်လောင်းရေး ၂ ခုလုံးရဲ့ အကြောင်းတရား တွေ ပြီးပြည့်စုံစေဖို့ ထိုင်ဝမ်ရေလက်ကြားရဲ့ နှစ်ဖက်စလုံးက တပြည်တည်းသားတွေက အတူ ကြိုးပမ်းသင့်တယ်လို့ ဟုန်က မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။