ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင် ယူကရိန်းသမ္မတနှင့် တွေ့ဆုံ

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ဟာ ဇန်နဝါရီ ၂၂ ရက်မှာ အံ့အားသင့်စရာ ခရီးစဉ် အဖြစ် ယူကရိန်းကို ရောက်လာပြီး သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။
အရှုပ်တော်ပုံတွေ ဆက်တိုက်ဖြစ်ခဲ့ပြီးတဲ့နောက် စက်တင်ဘာလမှာ ရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ဂျွန်ဆင်ဟာ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလအတွင်း ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်ဝင်ရောက် လာချိန်မှာ ဗြိတိန် ၀န်ကြီးချုပ်ဖြစ်ခဲ့သူပါ။
ကိယက်ဗ်မြို့ဆီ ရုရှားတပ်တွေ စစ်ချီ လာချိန်မှာ ယူကရိန်းမြို့တော်ရဲ့ ဆင်ခြေဖုံး ရပ်ကွက် ဘိုရိုဒီယံခါနဲ့ ဘူချာမြို့တွေဆီကိုလည်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂျွန်ဆင်က သွားရောက်ခဲ့တာပါ။
မြို့တော်ကိယက်ဗ်မြို့လယ် သမ္မတအုပ်ချုပ်ရေးရုံးအနားမှာရှိတဲ့ ခြံဝင်းတခုမှာ ဘောရစ်ဂျွန်ဆင်ကို ယူကရိန်း သမ္မတဇလန်းစကီးနဲ့အတူ နိုင်ငံခြားရေးဝန်ကြီးနဲ့ သမ္မတရုံးအကြီးအကဲ အပါအဝင် ထိပ်တန်းအရာရှိတွေက တန်းစီပြီး ကြိုဆိုခဲ့ကြပါတယ်။