close

စပိန်ရှိ ရွှေ့ပြောင်းစိုက်ပျိုးလုပ်သား အခြေချစခန်းတခု မီးလောင်

စပိန်နိုင်ငံအရှေ့တောင်ပိုင်း၊ အယ်လ်မီရီယာပြည်နယ်၊ နီဟာရ်မြို့အနီးရှိ ရာနဲ့ချီတဲ့ ရွှေ့ပြောင်းစိုက်ပျိုးရေးလုပ်သားတွေ နေထိုင်ရာ အလ်ဝါလီလီ စပိန်အခြေချစခန်းတခုမှာ ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းက မီးလောင်ခဲ့ပါတယ်။

မော်ရိုကိုနဲ့ ဆာဟာရဒေသက ရွှေ့ပြောင်းလာသူ အများစု နေထိုင်ကြတဲ့ အဲဒီစခန်းကို ရွှေ့ပြောင်းဖို့ စပိန်ရဲတပ်ဖွဲ့က စီစဉ်နေတာဖြစ်ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။

နီဟာရ်မြို့တော်ကောင်စီဟာ စခန်းနေ ဒေသခံတွေအတွက် အရေးပေါ် ခိုလှုံရေးဂေဟာနဲ့ လွှဲပြောင်းပေးရေးစင်တာမှာ ယာယီ နေရာထိုင်ခင်း ပြင်ဆင်ပေးထားကြောင်း ဒေသဆိုင်ရာ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ မောင်းထုတ်တဲ့ လုပ်ငန်းစဉ်အပြီးမှာ စခန်းကို မြေတူးစက်နဲ့ ဖြိုချခဲ့ပါတယ်။

ဒီစခန်းမှာ နေထိုင်သူ ၂၀၀ ကနေ ၅၀၀ ကြားရှိမယ်လို့ ဒေသခံမီဒီယာတွေက ခန့်မှန်းထားပါတယ်။

နီဟာရ်မြို့တော်ကောင်စီဟာ အရင်က ရွှေ့ပြောင်းနေထိုင်သူတွေကို နှင်ထုတ်ဖို့နဲ့ အဲဒီ ရွှေ့ပြောင်းအခြေချစခန်းကို ဖြိုချဖို့ အမိန့်ထုတ်ပြန်ထားခဲ့ဖူးပါတယ်။

သူတို့ရဲ့ ယာယီစခန်းဟာ မီးလောင်မှု သို့မဟုတ် လျှပ်စစ်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတဲ့အပြင် တဲအိမ်တွေလည်း ပြိုကျပြီးတော့ ဒေသခံတွေ ပိတ်မိသွားတဲ့ အန္တရာယ်တွေကိုလည်း ကြုံခဲ့ရတာကြောင့် နေရေးထိုင်ရေး မလုံခြုံပါဘူး။

အခုလို နှင်ထုတ်မှုကြောင့် အလ်ဝါလီလီ ဒေသခံတွေကို အဲဒီဒေသရှိ တခြား မမြင်သာတဲ့ နေရာတွေမှာ ခိုလှုံနေထိုင်ခွင့် တောင်းခံခဲ့ရကြောင်း အိမ်ရာပိုင်ဆိုင်ခွင့် ပလက်ဖောင်းအဖွဲ့ - Right to Housing Platform က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

Up