ချန်ပီယံဆုဖလားအကြောင်း စဉ်းစားနိုင်သည့် အခြေအနေမရှိဟု နည်းပြ ဂွါဒီယိုလာပြော

မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံဆုဖလားအကြောင်း စဉ်းစားနိုင်တဲ့အခြေအနေမှာ မရှိကြောင်း နည်းပြ ဂွါဒီယိုလာကပြောပါတယ်။
စပါးအသင်းကို တစ်ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ချန်ပီယံ ဆုဖလားနဲ့ ပတ်သက်ပြီး နည်းပြ ဂွါဒီယိုလာက မှတ်ချက်ပေးခဲ့တာပါ။
မန်စီးတီးဟာ ထိပ်ဆုံးက အာဆင်နယ်ထက် တစ်ပွဲပိုအခြေအနေမှာ ၅ မှတ်ကွာဟနေဆဲ ဖြစ်ပါတယ်။
“ကျနော်တို့ အသင်းက ချန်ပီယံဆုဖလားအကြောင်း စဉ်းစားရလောက်တဲ့ အခြေအနေမှာ မရှိပါဘူး။ လာမယ့် ပွဲစဉ်တွေအတွက်ပဲစဉ်းစားရမှာပါ” လို့ နည်းပြဂွါဒီယိုလာ ပြောပါတယ်။
ပွဲအစမှာ ခြေစွမ်းကောင်းမွန်အောင် ကစားနိုင်ခဲ့ပေမဲ့ အမှားတစ်ခု လုပ်လိုက်တဲ့အချိန်မှာ ဂိုးပေးလိုက်ရကြောင်း၊ တစ်ဂိုး အရှုံးအခြေအနေဟာ ခက်ခဲသွားစေပြီး အမှတ် ၃ မှတ် ဆုံးရှုံးခဲ့ရကြောင်း နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
ဒါ့အပြင် စပါးအသင်းကိုလည်း ချီးကျူးခဲ့ပြီး တိုက်စစ်ပိုင်းမှာ အရည်အသွေးမြင့် ကစားသမားတွေ ရှိကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။