close

ဆုဖလားမရတိုင်း ဟယ်ရီကိန်းကို တိုက်စစ်မှူးကောင်းမဟုတ်ဟု မဆိုနိုင်ကြောင်း ဂွါဒီယိုလာပြော

ဆုဖလားရယူနိုင်ခြင်းမရှိတိုင်း ဟယ်ရီကိန်းကို တိုက်စစ်မှူးကောင်းမဟုတ်ဘူးလို့ မဆိုနိုင်ကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာက ပြောပါတယ်။

စပါးအသင်းနဲ့ ကစားရမယ့် ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ ပြိုင်ဘက် တိုက်စစ်မှူးနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာကချီးကျူးစကားဆိုခဲ့တာပါ။

မန်စီးတီးအသင်းမှာ ဟာလန်းရှိတဲ့အပေါ် ကျေနပ်ပျော်ရွှင်ရသလို စပါးအသင်းဟာလည်း ဟယ်ရီကိန်းရှိနေတဲ့အတွက် ကျေနပ်ပျော်ရွှင်ရမှာဖြစ်ကြောင်း ဂွါဒီယိုလာကပြောပါတယ်။

“စပါးအသင်းအတွက် ဆုဖလားရယူပေးနိုင်ခြင်းမရှိတာနဲ့ဘဲ ဟယ်ရီကိန်းက တိုက်စစ်မှူးကောင်းတစ်ဦးမဟုတ်ဘူးလို့ သွားပြောလို့မရပါဘူး။ သူက ဘယ်လောက်ကောင်းတဲ့ ကစားသမားလဲဆိုတာ အရေအတွက်တွေ၊ ဂိုးတွေထက် အရည်အချင်းနဲ့ သက်သေပြခဲ့ပြီးသားပါ။ ဟယ်ရီကိန်းက ကျနော့်ဘဝတလျှောက် မြင်ခဲ့ဖူးသမျှ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအ ဖြစ်ဆက်ရှိနေဆဲဖြစ်တယ်”လို့ ဂွါဒီယိုလာကပြောပါတယ်။

ကိန်းဟာ မန်စီးတီးနဲ့ပွဲမှာ တစ်ဂိုးသွင်းနိုင်မယ်ဆိုရင် စပါးသမိုင်းတတလျှောက် ဂိုးအများဆုံး ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။ 

Up