close

လာမည့်ရာသီ အာဆင်နယ်အသင်း၏ တရာသီစာ လက်မှတ်ဈေးနှုန်းများ မြင့်တက်

လာမယ့်ရာသီ အာဆင်နယ်အသင်းရဲ့ တရာသီလက်မှတ်ဈေးနှုန်းတွေ ပြောင်းလဲသတ်မှတ်ခဲ့ရာမှာ ၅ ရာခိုင်နှုန်းလောက် မြင့်တက်လာခဲ့ပါတယ်။

တရာသီစာ လက်မှတ်ဈေးနှုန်း မြင့်တက်လာခဲ့သလို အိမ်ကွင်းပွဲစဉ် ၂၂ ပွဲသာ ပါဝင်တော့မှာ ဖြစ်ပါတယ်။

အခုနှစ်အတွက် တရာသီလက်မှတ်ထဲမှာ အိမ်ကွင်းပွဲစဉ် ၂၆ ပွဲအထိ ပါဝင်ပြီး ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ် ၁၉ ပွဲ၊ အက်ဖ်အေဖလား အိမ်ကွင်းပွဲစဉ် ၂ ပွဲနဲ့ ဥရောပပွဲစဉ် ၅ ပွဲ ပါဝင်တာပါ။

လာမယ့်ရာသီမှာတော့ ပရီးမီးယားလိဂ်အိမ်ကွင်း ၁၉ ပွဲနဲ့ ဥရောပပွဲ ၃ ပွဲသာ ပါဝင်တော့မှာ ဖြစ်သလို လက်မှတ်ဈေးနှုန်းဟာလည်း ၄ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာတော့မှာပါ။

အာဆင်နယ်အသင်းဘက်ကတော့ တရာသီစာလက်မှတ်ထဲမှာ ရှုံးထွက်ဖလားပွဲစဉ် ၅ ပွဲ မထည့်သွင်းခဲ့တာက လက်မှတ်စောင်ရေ တသိန်းခွဲအထိ ရရှိလာမှာဖြစ်လို့ တခြားအသင်းဝင်တွေအတွက် ရရှိနိုင်မယ်လို့ ထုတ်ပြန်ပါတယ်။

အာဆင်နယ်အသင်းရဲ့ လက်ရှိ တရာသီလက်မှတ်ဈေးနှုန်းက ဥရောပချန်ပီယံလိဂ်ပွဲတွေ ပါရင် ပေါင် ၁,၂၆၀၊ ယူရိုပါလိဂ်ပွဲတွေနဲ့ဆိုရင် ပေါင် ၁,၁၃၉၊ ဥရောပပွဲတွေမပါရင် ပေါင် ၁,၀၅၀ အသီးသီးသတ်မှတ်ထားတာ ဖြစ်ပါတယ်။

Up