close

ဆာဘစ်ဇာအတွက် မန်ယူအသင်းက ပေါင် ၁၈ သန်းပေးမယ်ဆိုရင် အပြီးသတ်ခေါ်ယူနိုင်

ကွင်းလယ်ကစားသမား ဆာဘစ်ဇာအတွက် မန်ယူအသင်းက ပေါင် ၁၈ သန်း ပေးချေမယ်ဆိုရင် အပြီးသတ် ခေါ်ယူခွင့်ရရှိမှာဖြစ်နိုင်တယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်ကနေ အငှားစာချုပ်နဲ့ လာရောက် ကစားနေတဲ့ ဆာဘစ်ဇာဟာ ကစားခွင့်ရတဲ့ပွဲစဉ်တွေမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် မန်ယူအသင်းဘက်ကလည်း အပြီးသတ်ခေါ်ယူလိုတယ်လို့ ဆိုပါတယ်။

ကစားသမားဖြစ်သူကိုယ်တိုင်ကလည်း မန်ယူအသင်းမှာ ဆက်လက်ကစားသွားလိုပြီး ရာသီကုန်တဲ့အချိန်မှာ စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ ပြောထားပါတယ်။

ဘိုင်ယန်မြူးနစ်ဘက်ကတော့ သြစတြီးယားလက်ရွေးစင် ဆာဘစ်ဇာအတွက် ပေါင် ၁၈ သန်း အလိုရှိနေပြီး မန်ယူအသင်းက ပေးချေမယ်ဆိုရင် ရာသီအကုန်မှာ အပြီးသတ်ခေါ်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။

Up