ပုလင်းခွံဖြင့် ပစ်ပေါက်ခံရသည့် ဒီဘရိုင်း ကိစ္စကို စုံစမ်းစစ်ဆေးရန် အက်ဖ်အေ လုပ်ဆောင်

6
အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ပုလင်းခွံတွေနဲ့ ပစ်ပေါက်ခံခဲ့ရတဲ့ ဒီဘရိုင်းကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ အင်္ဂလန်အက်ဖ်အေက လုပ်ဆောင်နေပါတယ်။
မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း လူစားလဲခံရချိန်မှာ ကွင်းဘေးစည်းတလျှောက် ဖြတ်လျှောက်ရင်း အာဆင်နယ်ပရိသတ်တွေက ပုလင်းအခွံတွေ၊ ရေဘူးအခွံတွေနဲ့ ပစ်ပေါက်ခဲ့ကြတာပါ။
ဒါပေမဲ့ ဒီဘရိုင်းကို ထိမှန်ခြင်းတော့ မရှိခဲ့ပေမဲ့ မသင့်လျော်တဲ့အပြုအမူတွေ လုပ်ဆောင်ခဲ့ကြတဲ့ အာဆင်နယ် ပရိသတ်တချို့ကို အရေးယူဖို့ အက်ဖ်အေက လုပ်ဆောင်နေတာပါ။
အာဆင်နယ်အသင်းဘက်ကလည်း ပုလင်းခွံနဲ့ ပစ်ပေါက်ခဲ့တဲ့သူတွေကို ရှာဖွေနေပြီး ပြစ်မှုထင်ရှားမယ်ဆိုရင် ပွဲကြည့်ခွင့်ပိတ်ပင်သွားဖို့ရှိနေပါတယ်။
မန်စီးတီးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်မှာ ဒီဘရိုင်းက အာဆင်နယ်နည်းပြ အာတေတာကို လည်း တွန်းထိုးမှုတချို့ လုပ်ဆောင်ခဲ့ပါသေးတယ်။