စပိန်နည်းပြ ဇာဗီဂါစီယာကို လိဒ်ယူနိုက်တက်အသင်း ခေါ်ယူခန့်အပ်

4
လိဒ်ယူနိုက်တက်အသင်းဟာ စပိန်လူမျိုးနည်းပြ ဇာဗီဂါစီယာကို နည်းပြချုပ်အဖြစ် တာဝန်ပေးလိုက်ပါတယ်။
နည်းပြဟောင်း ဂျက်စီမက် ထွက်ခွာပြီး နှစ်ပတ်အတွင်းမှာပဲ တရားဝင်စာချုပ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၅၂ နှစ်ရှိ စပိန်နည်းပြဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီက ဝတ်ဖို့ဒ်အသင်းကို တာဝန်ယူခဲ့ပြီး အဆင့် ၁၁ နေရာမှာ ရပ်တည်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
လိဒ်ယူနိုက်တက်အသင်းဘက်ကတော့ ဇာဗီဂါစီယာကို ခန့်အပ်နိုင်ခဲ့လို့ ကျေနပ်မိပြီး အလုပ်လုပ်ခွင့်ပါမစ် အပါအဝင် တခြားလုပ်ဆောင်ရမယ့် ကိစ္စတွေကို အရင်ဆုံး လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ပါတယ်။
ဇာဗီဂါစီယာဟာ စပိန်ကလပ်တွေဖြစ်တဲ့ ကာဒစ်၊ အိုဆာဆူနာ၊ ဗလင်စီယာအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသလို ရုရှားကလပ် ရူဘင်ကာဇန်နဲ့ အင်္ဂလန်ကလပ် ဝတ်ဖို့ဒ်အသင်းတွေကို တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။