ယူကရိန်းစစ်ပွဲတွင် ရုရှားနိုင်မည်မဟုတ်ဟု သမ္မတဘိုင်ဒင်ပြော၊ စစ်ပွဲကိုဆက်လက်ဆင်နွှဲမည်ဟု ရုရှားသမ္မတ ပူတင်ပြော

ရုရှားကျူးကျော်မှုအပြီး တနှစ်အကြာမှာ ယူကရိန်းဟာ ခိုင်ခိုင်မာမာ ရပ်တည်နေဆဲဖြစ်ပြီး ရုရှားအစိုးရဟာ သူ့ရဲ့အိမ်နီးချင်းကို ဘယ်တော့မှ နိုင်မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားသမ္မတနန်းတော်ဟာ ယူကရိန်းအစိုးရကို အနောက်နိုင်ငံတွေက ထောက်ခံမှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ အထင်ကရ နျူးကလီးယားလက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်ကို ဆိုင်းငံ့ထားပြီးတဲ့နောက် နာရီပိုင်းအကြာမှာ ပိုလန်နိုင်ငံ ဝါဆောမြို့တော်က တော်ဝင်ရဲတိုက်မှာ ဘိုင်ဒင်က ခုလိုပြောလိုက်တာပါ။
ဘိုင်ဒင်ဟာ ယူကရိန်းနိုင်ငံဆီ ခရီးစဉ်အပြီးမှာ ပြောလိုက်တာလည်း ဖြစ်ပါတယ်။ အစောပိုင်းက ရုရှားသမ္မတ ဗလာဒီမာပူတင်က New START စာချုပ်ထဲမှာ ရုရှားဟာ အမေရိကန်နဲ့ သူ့ရဲ့ နောက်ဆုံးလက်နက်ထိန်းချုပ်ရေးစာချုပ်မှာ ဆက်မပါဝင်တော့ဘဲ ဆိုင်းငံ့ထားပြီး နျူးကလီးယားစမ်းသပ်မှုတွေ ပြန်လုပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၄ ကျူးကျော်မှု ပထမနှစ်ပတ်လည်မတိုင်မီ ရက်ပိုင်းအလိုမှာ ဘိုင်ဒင်က ကိယက်ဗ်ကို မယိမ်းယိုင်တဲ့ ထောက်ခံမှုနဲ့ ရုရှားနိုင်ငံကို ရင်ဆိုင်ဖို့၊ နေတိုးရဲ့ အရှေ့ဘက်ခြမ်းကို အားပေးဖို့ ကတိကဝတ်ပြုခဲ့ပါတယ်။
အနောက်နိုင်ငံတွေက ရုရှားကိုတိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ ရုရှားအစိုးရရဲ့ ပြောကြားချက်ကို ငြင်းဆိုခဲ့ပါတယ်။
ဘိုင်ဒင်က သူ့မိန့်ခွန်းထဲမှာ ရုရှားက START စာချုပ် ရပ်ဆိုင်းမှုကို မဖော်ပြခဲ့ပေမဲ့ အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေက ယူကရိန်းအစိုးရနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ရုရှားကို ထိန်းချုပ်ဖို့ ဒါမှမဟုတ် ဖျက်ဆီးဖို့ မကြိုးပမ်းခဲ့ဘူးလို့ ပြောခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ အချိန်တနှစ်ပြည့်ပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲကို ဆက်တိုက်မယ်လို့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ကတိပြုခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုမှာ ရုရှားအစိုးရကို နိုင်မယ်လို့ မှားယွင်းယုံကြည်နေကြတဲ့ အမေရိကန်ဦးဆောင်တဲ့ စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးဟာ ယူကရိန်းပဋိပက္ခကို မီးလောင်ရာ လေပင့်နေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။
ဒါကြောင့် တာဝန်ယူတဲ့အနေနဲ့ တိုးလာတဲ့ ဓားစာခံတွေဟာ လက်ရှိ ယူကရိန်းအစိုးရနဲ့ အနောက်ရေပေါ်ဆီတွေအပေါ် လုံးလုံးမူတည်တယ်လို့ ပူတင်က မိန့်ခွန်းမှာ ပြောပါတယ်။
“လိုက်လျောညီထွေ တုံ့ပြန်မယ်၊ ရုရှားကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး” လို့လည်း ပူတင်က ပြောခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ စစ်ပွဲစချိန်ကစပြီး ကြီးမားတဲ့ စစ်မြေပြင်သုံးခုမှာ တွန်းလှန်မှုကို ကြုံတွေ့ခဲ့ရပေမဲ့ ယူကရိန်းနိုင်ငံရဲ့ ငါးပုံတပုံကို ထိန်းချုပ်ထားဆဲပါ။
ဝဂ္ဂနာ ရုရှားကြေးစားစစ်တပ်ကို တည်ထောင်သူ ယက်ဗ်ဂျေညီ ပရီဂေါ့ရှင်ကတော့ သူ့ရဲ့ တိုက်ခိုက်ရေးသမားတွေမှာ ခဲယမ်းမီးကျောက်တွေ ပြတ်တောက်သွားပြီလို့ အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံသားအများစုဟာ ယူကရိန်းမှာ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုကို ထောက်ခံတယ်၊ ရုရှားဟာ သူ့ရဲ့ လူ့အဖွဲ့အစည်းကို ကွဲပြားစေဖို့ အနောက်တိုင်းရဲ့ ကြိုးပမ်းမှုတွေကို ဘယ်သောအခါမှ လက်လျှော့မှာမဟုတ်ဘူးလို့ ရုရှားနိုင်ငံရဲ့ လွှတ်တော်နှစ်ရပ်ရှေ့မှာ ပြောတဲ့ မိန့်ခွန်းအတွင်း သမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောပါတယ်။
ရုရှားရဲ့လုပ်ရပ်တွေကို ဆန့်ကျင်တဲ့ သစ္စာဖောက်တွေကို အနောက်နိုင်ငံတွေက ထောက်ခံနေပြီး ယူကရိန်းနိုင်ငံထဲက ရုရှားရဲ့ အထူးစစ်ဆင်ရေးလို့ ခေါ်တဲ့ “ရဲစွမ်းသတ္တိနဲ့ ဆုံးဖြတ်ချက်” အတွက် ရုရှားနိုင်ငံသားတွေကို ကျေးဇူးတင်တယ်လို့လည်း ပူတင်က ပြောပါတယ်။
ယူကရိန်းမှာ ကျဆုံးသွားတဲ့ ရုရှားစစ်သားတွေရဲ့ ဆွေမျိုးသားချင်းတွေအတွက် ဘယ်လောက်ခက်ခဲတယ်ဆိုတာ နားလည်ကြောင်းနဲ့ ရုရှားခေါင်းဆောင်က အထူးရန်ပုံငွေအသစ်နဲ့ သူတို့ကို “ပစ်မှတ်ထား ထောက်ပံ့မှု” ပေးမယ်လို့လည်း ပြောပါတယ်။