close

ယူအေအီးတွင် ရုရှားကုမ္ပဏီများ ပါဝင်သည့် စစ်လက်နက်ပစ္စည်းပြပွဲကျင်းပ

ရုရှားအစိုးရကို အထီးကျန်ဖြစ်အောင်နဲ့ ခိုင်မာကြောင်းပြသနေတဲ့ အစ္စရေးကုမ္ပဏီတွေကို ကူညီဖို့ အနောက်နိုင်ငံတွေက ဖိအားပေးနေပေမဲ့ ရုရှားကုမ္ပဏီတွေ ပါဝင်တဲ့ အဓိက စစ်လက်နက်ပစ္စည်းပြပွဲကို ယူအေအီးနိုင်ငံမှာ ဖေဖော်ဝါရီ ၂၀ ရက်က စတင်ပြုလုပ်နေပါတယ်။

ကာလက်ရှ်နီကော့ဗ်နဲ့ ရိုဆိုဘိုရွန်အိတ်စ်ပို့ထ် အပါအဝင် ရုရှားကုမ္ပဏီတွေဟာ ချေမှုန်းရေးရိုင်ဖယ်တွေ၊ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ၂ နှစ်တကြိမ်ကျင်းပတဲ့ နိုင်ငံတကာ ကာကွယ်ရေးပြပွဲ (IDEX) ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ရေတပ်ကာကွယ်ရေးနဲ့ အဏ္ဏဝါ လုံခြုံရေးပြပွဲ (NAVDEX) မှာ ပြသခဲ့ပါတယ်။

ပင်လယ်၊ မြေပြင်နဲ့ ဝေဟင်တို့ကနေ ပစ်လွှတ်နိုင်တဲ့ အသံထက်မြန်တဲ့ ခရုဇ်ဒုံးကျည်တွေ အတွက် အိန္ဒိယ-ရုရှား ဖက်စပ်လုပ်ငန်းတခုဖြစ်တဲ့ ဘရာမော့စ် အဲရိုစပေ့စ် ကုမ္ပဏီဟာ လွန်ခဲ့တဲ့ငါးနှစ်က အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနဲ့ ဆွေးနွေးခဲ့ပြီး ရှေ့သို့တက်လှမ်းနေပြီလို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် အာတူး ဒေရိန်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်အထိ ကျင်းပမယ့် IDEX မှာ နိုင်ငံပေါင်း ၆၅ နိုင်ငံ ပါဝင်နေတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

Up