close

မော်စကိုရှိ အဆောက်အဦတခု မီးလောင်ပြီး ကလေးငယ် ၂ ဦး အပါအဝင် ၆ ဦးသေဆုံး

ရုရှားနိုင်ငံ၊ မော်စကိုမြို့လယ်ရှိ အဆောက်အဦတခုမှာ ဖေဖော်ဝါရီ ၂၁ ရက်က မီးလောင်မှုအတွင်း ကလေးငယ် ၂ ဦး အပါအဝင် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း ရုရှားအရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။

တခြားလူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူ ၂၀၀ လောက်ကို အဆောက်အဦကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုပါတယ်။

မော်စကိုမြို့ခံတယောက်က အဲဒီအဆောက်အဦမှာ လူတော်တော်များများ နေထိုင်ကြပြီး ၅ ထပ်မှာ မီးလောင်ခဲ့တာဖြစ်ကြောင်းနဲ့ အခန်းအားလုံး လောင်ကျွမ်းသွားတယ်လို့ ပြောပါတယ်။

အဆောက်အဦရဲ့ တစိတ်တပိုင်းမှာရှိတဲ့ MKM ဟိုတယ်ရဲ့ ပြတင်းပေါက်တွေကနေ လူတွေ အကူအညီတောင်းသံကို ကြားခဲ့ရကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

Up