close

IAEA စစ်ဆေးရေးမှူးများ အီရန်တွင် ဆွေးနွေးမည်

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က စစ်ဆေးရေးမှူးတွေဟာ အီရန်နိုင်ငံရဲ့ မြို့တော် တီဟီရန်မှာ ဆွေးနွေးညှိနှိုင်းကြဖို့ရှိတယ်လို့ အီရန် အဏုမြူစွမ်းအင်အဖွဲ့အကြီးအကဲ မိုဟမ်မဒ် အဲ့စ်လာမီက  ဖေဖော်ဝါရီ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။

အီရန်နျူကလီးယား အကြီးအကဲက “သူတို့က စေ့စပ်ညှိနှိုင်းနေပြီ၊ လာပြီးစစ်ဆေးနေပြီ၊  စစ်ဆေးရေးမှူး တစ်ဦးက မမှန်ကန် သယ်သွားလို့ဖြစ်လာတဲ့ မတည်မငြိမ်မှုတွေကို ဖြေရှင်းပြီးလို့ ပြေလည်သွားပါပြီ” လို့ ပြောပါတယ်။

IAEA က စစ်ဆေးရေးမှူးတွေဟာ ဖေဖော်ဝါရီ ၂၁ ရက်ကတည်းက အီရန်ကို ရောက်နေပြီး နိုင်ငံရေးဖိအားတွေကို အီရန်က သည်းခံမှာ မဟုတ်ဘူးလို့ အဲ့စ်လာမီက ပြောခဲ့ပါတယ်။

ဘလွန်းဘာ့ဂ်သတင်းဌာနက လက်နက်အဆင့်နဲ့ နီးစပ်တဲ့ သန့်စင်တဲ့ ယူရေနီယံ ၈၄ ရာခိုင်နှုန်းကို တွေ့ရှိပြီးတဲ့နောက် မကြာသေးမီက စိစစ်ရေး လုပ်ဆောင်မှုတွေရဲ့ ရလဒ်တွေကို အီရန်နဲ့ ဆွေးနွေးနေတယ်လို့ ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့ ပါတယ်။

အီရန်နိုင်ငံရဲ့ အနုမြူစွမ်းအင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီအစီရင်ခံစာကို တနင်္လာနေ့မှာ ငြင်းဆိုခဲ့ပြီး အီရန်အစိုးရရဲ့  ယူရေနီယံသန့်စင်မှုဟာ ၆၀ ရာခိုင်နှုန်းထက် မကျော်ဘူးလို့ ပြောခဲ့ပါတယ်။ 

Up