မန်စီးတီးကို ပြစ်ဒဏ်ချရန် အချိန်ကြာမြင့်နေဟု လာလီဂါဥက္ကဋ္ဌ ထောက်ပြဝေဖန်

3
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ မန်စီးတီးအသင်းကို ပြစ်ဒဏ်ချမှတ်ဖို့ အချိန်ကြာမြင့်နေကြောင်း စပိန်လာလီဂါဥက္ကဋ္ဌ ယာဗီယာတီ ဘက်စ်က ဝေဖန်ပြောကြားလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ ၂၀၁၇ ခုနှစ်ကစပြီး ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ၁၀၀ ကျော်ကို ချိုးဖောက်ခဲ့ကြောင်း အက်ဖ်အေက ထုတ်ပြန်ခဲ့ပြီး အရေးယူဖို့ စွဲချက် တင်ထားတာပါ။
ဒါပေမဲ့ တစ်လခန့်ကြာတဲ့အထိ ပြစ်ဒဏ်ချဖို့ အချိန်ကြာမြင့်နေကြောင်း၊ စည်းမျဉ်း ၁၀၀ ကျော်ကို ချိုးဖောက်ခဲ့တာကို အားလုံးသိမြင်ကြပေမဲ့ အရေးယူဖို့အတွက် ဆုံးဖြတ်ချက်ချမှတ်တာတော့ မရှိသေးကြောင်း တီဘက်စ်က ပြောပါတယ်။
လာလီဂါမှာဆိုရင် အကြွေးပေါင် တစ်ဘီလီယံရှိခဲ့တဲ့ ဘာစီလိုနာကို အပြောင်းအရွှ့ကိစ္စတွေမှာ ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း လာလီဂါဥက္ကဋ္ဌ တီဘက်စ်က သာဓကပြပြီး ထောက်ပြခဲ့ပါတယ်။