close

အန်းဖီးလ်အမှတ်အသားကို လက်နှင့်ထိခဲ့သည့်အပေါ် ဗက်ဟော့စ်ပြန်လည်ဖြေရှင်း

လီဗာပူးအသင်းနဲ့ပွဲမတိုင်ခင်မှာ  “This is Anfield” ဆိုတဲ့ အမှတ်အသားကို လက်နဲ့ ထိခဲ့တဲ့အပေါ် မန်ယူတိုက်စစ်မှူး ဗက်ဟော့စ်ကပြန်လည်ဖြေရှင်းသွားပါတယ်။ 

လီဗာပူးအိမ်ကွင်းဖြစ်တဲ့ အန်ဖီးလ်မှာ ကွင်းထဲမဝင်ခင် အဝတ်လဲခန်းထိပ်မှာ This is Anfield ဆိုတဲ့ စာသားကို ချိတ်ဆွဲထားတာဖြစ်ပြီး အဲဒီအမှတ်အသားကို လီဗာပူးကစားသမားတွေအားလုံးက လက်နဲ့ထိပြီးမှ ကွင်းထဲဝင်လေ့ရှိပြီး နာမည်ကျော်တဲ့ ဓလေ့ထုံးစံ တစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။

မန်ယူနဲ့ပွဲမစခင်ကွင်းထဲဝင်ကြတဲ့အခါ လီဗာပူး ကစားသမားတွေအားလုံးက ထုံးစံအတိုင်း လက်နဲ့ထိပြီး ကွင်းထဲဝင်ခဲ့ကြသလို မန်ယူတိုက်စစ်မှူး ဗက်ဟော့စ် ကလည်း အလားတူ လုပ်ဆောင်ခဲ့တာပါ။

ဗက်ဟော့စ်ကတော့ အဲဒီလိုလုပ်ဆောင်ခဲ့တာဟာ လက်ရွေးစင်အသင်းဖော် ဗန်ဒိုက်ကို လက်နဲ့မထိစေဖို့ ရည်ရွယ်ပြီးပြန်လည်တွန်းလှန်မယ်ဆိုတဲ့ စိတ်ကူးနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ပြန်လည်ရှင်းပြခဲ့တာပါ။

မန်ယူအသင်းပရိသတ်တချို့ကတော့ ဗက်ဟော့စ်ရဲ့အပြုအမူဟာ မန်ယူအသင်းကို ချစ်ခင်တဲ့စိတ်မရှိလို့ဖြစ်ပြီး ပွဲမစတင်ခင်ကတည်းက ၁၀ ယောက်၊ ၁၂ ယောက်ဖြစ်နေခဲ့တယ်လို့ ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

Up