close

အင်ဒိုနီးရှားတွင် ဆေးခြောက်စိုက်ပျိုးမြေ ၁၁ ဟက်တာကို မီးရှို့ဖျက်ဆီး

အင်ဒိုနီးရှားရဲတပ်ဖွဲ့ဟာ၊ စူမားတြားမြောက်ပိုင်း အာချေးမြို့ထဲက ဆေးခြောက်စိုက်ပျိုးမြေ ၁၁ ဟက်တာကို မတ်လ ၈ ရက်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီစိုက်ခင်းကို အရင်လက ဒေသန္တရအာဏာပိုင်တွေက ရှာတွေ့ခဲ့တာပါ။

အနောက်အာချေးဒေသထဲက နောက်ထပ် စိုက်ခင်းနဲ့ ပေါင်းရင် ၄၃ ဟက်တာရှိပြီး စိုက်ဖို့အသင့်ဖြစ်နေတဲ့ ပျိုးပင် ၁၉၀,၀၀၀ ထုတ်လုပ်နေတယ်လို့ အာချေးရဲချုပ် အာမဒ် ဟေဒါက သတင်းထောက်တွေကို ပြောပါတယ်။

ဆေးခြောက်ပင်တွေကို အမြစ်ကနေနှုတ်ပြီး မီးရှို့ဖို့ စုပုံထားပါတယ်။ အင်ဒိုနီးရှားဟာ ကမ္ဘာ့အတင်းကျပ်ဆုံး မူးယစ်ဥပဒေတွေ ပြဋ္ဌာန်းထားတဲ့ နိုင်ငံတနိုင်ငံပါ။

၂၀၁၇ ခုနှစ်က သမ္မတ ဂျိုကို ဝီဒိုဒိုက မူးယစ်ဆေး အရေးပေါ်အခြေအနေကို ဖြေရှင်းဖို့ မူးယစ်ကုန်ကူးသူတွေကို ပစ်ခတ်ဖို့ ဥပဒေ အာဏာတည်စေရေး အရာရှိတွေကို ပြောခဲ့ပါတယ်။

ဆေးခြောက်ကို ဆေးဝါးဆိုင်ရာ သုံးစွဲခွင့်အတွက် တရားဝင်ခွင့်ပြုပေးဖို့ လမ်းကြောင်းပေးထားတဲ့ အင်ဒိုနီးရှား မူးယစ်ဥပဒေအပေါ် တရားစီရင်ရေး သုံးသပ်ချက်ကို အင်ဒိုနီးရှားရဲ့ အခြေခံဥပဒေခုံရုံးက မနှစ်က ပယ်ချခဲ့ပါတယ်။

Up