close

ပဲလေ့စ်ကိုအနိုင်ယူပြီး မန်စီးတီးက အာဆင်နယ်ကိုဆက်လက် ဖိအားပေး

မနေ့ညက ကစားခဲ့တဲ့ နောက်အကျဆုံး ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးက ခရစ္စတယ်ပဲလေ့စ်ကို ပင်နယ်တီဂိုးနဲ့ အနိုင်ရပြီး ထိပ်ဆုံးကအာဆင်နယ်ကို ဆက်လက်ဖိအာပေးနိုင်ခဲ့ပါတယ်။ 

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ခံစစ်အထိုင်ချကစားမှုကြောင့် မန်စီးတီးအသင်းအနေနဲ့ ခက်ခက်ခဲခဲကစားခဲ့ရတာပါ။

အိမ်ရှင်ပဲလေ့စ်အသင်းဟာ မန်စီးတီးအသင်းဘက်ကို ဂိုးပေါက်ခြိမ်းခြောက်မှုမရှိခဲ့ပေမဲ့ ခံစစ်ပိုင်းမှာ စွမ်းဆောင်ရည်ကောင်းပြသခဲ့တာပါ။ ဒါပေမဲ့ ဒုတိယပိုင်း ၇၈ မိနစ်မှာ ကွင်းလယ်လူ အိုလီဆီရဲ့ ပြစ်ဒဏ်ဘောကျူးလွန်မှုကနေ မန်စီးတီးအသင်းပယ်နယ်တီရရှိခဲ့ပြီး တိုက်စစ်မှူးဟာလန်းက အမှား အယွင်းမရှိကန်သွင်းယူနိုင်ခဲ့တာပါ။

ဒီရလဒ်ကြောင့် မန်စီးတီးက တစ်ပွဲပိုအခြေအနေမှာ အမှတ်ပေးဇယားထိပ်ဆုံးကအာဆင်နယ်နဲ့ ၂ မှတ်သာကွာဟတော့တာပါ။

အာဆင်နယ်ကတော့ တနင်္ဂနွေည ၈ နာရီခွဲမှာ လန်ဒန်မြို့ခံပြိုင်ဘက် ဖူဟမ်အသင်းရဲ့ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

Up