သုံးပွဲဆက်နိုင်ပြီး ခြေစွမ်းတိုးတက်လာသည့် ချဲလ်ဆီးကို နည်းပြပေါ်တာ ချီးကျူး

သုံးပွဲဆက်အနိုင်ရလဒ်နဲ့ ခြေစွမ်းတိုးတက်လာတဲ့ ချဲလ်ဆီးအသင်းကို နည်းပြပေါ်တာကချီးကျူး စကားဆိုသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က လိဒ်ယူနိုက်တက်ကိုအနိုင်ရခဲ့သလို ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်နဲ့ မနေ့ကကစားခဲ့တဲ့ လက်စတာနဲ့ပွဲစဉ်တွေကို ဆက်တက်နိုင်ပွဲရယူ နိုင်ခဲ့တာပါ။
ဒီတစ်ပတ်ပွဲစဉ်တွေဟာ အသင်းအတွက် အများကြီး အပေါင်းလက္ခဏာဆောင်ပြီး ခြေစွမ်းပိုင်းအရလည်း ချီးကျူးစရာဖြစ်တယ်လို့ နည်းပြပေါ်တာက ပြောပါတယ်။
နိုင်ငံတကာပွဲစဉ်တွေ မတိုင်ခင် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အဲဗာတန်အသင်းကိုလည်း အနိုင်ရဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး တစ်ပတ်အတွင်းမှာ သုံးပွဲစလုံးအနိုင်ယူခဲ့တာဟာ အလွန်ချီးကျူးစရာကောင်းတဲ့ စွမ်းဆောင်ရည်ဖြစ်ကြောင်း နည်းပြဂရေဟမ်ပေါ်တာက ပြောသွားပါတယ်။
ချဲလ်ဆီးဟာ နိုင်ပွဲရခဲ့ပေမဲ့ အဆင့် ၁၀ မှာ ဆက်လက်ရပ်တည်နေပြီး တစ်ပွဲလျော့အခြေအနေမှာ အဆင့်လေးနေရာက စပါးနဲ့ ၁၁ မှတ်ကွာဟ နေဆဲဖြစ်ပါတယ်။